မန်ယူနောက်ခံလူ အီဗန်၏ပြောင်းရွှေ့ကြေးကို ဝက်စ်ဘရွန်းအသင်း သဘောတူ

မန်ယူနောက်ခံလူ အီဗန်၏ပြောင်းရွှေ့ကြေးကို ဝက်စ်ဘရွန်းအသင်း သဘောတူ

သြဂုတ် ၂၉၊ ဝက်စ်ဘရွန်း ။       ။ ဝက်စ်ဘရွန်းအသင်းသည် မန်ယူနောက်ခံလူ ဂျွန်နီအီဗန် ၏ပြောင်းရွှေ့ကြေးဖြစ်သော ပေါင် ၆ သန်း၊ ထပ်ဆောင်း ပေါင် ၂ သန်းကိုပေးရန် သဘောတူလိုက်ပြီဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ အီဗန်သည် စနေနေ့တွင် ဝက်စ်ဘရွန်းသို့သွားရောက်ခဲ့ပြီး စာချုပ်ကိစ္စကို အပြီးသတ်မည်ဖြစ်သည်။ မြောက်အိုင်ယာ လန်လက်ရွေးစင်ကစားသမားသည် စတုခ်စီးတီးနှင့် ကစားသောပွဲတွင်မူ ပါဝင်နိုင်ဦးမည်မဟုတ်ပေ။

အီဗန်သည်မန်ယူအသင်းတွင် ပွဲပေါင်း ၁၉၈ ပွဲကစားပြီး ပရီးမီးယားလိဂ်ဖလားသုံးလုံးရထားသူဖြစ်သော်လည်း လက်ရှိနည်းပြ ဗန်ဟားလ်၏ မျက်နှာသာပေးခြင်းမခံရသူဖြစ်သည်။

ဆန်းဒါးလန်းအသင်းတွင်နှစ်ကြိမ်အငှားသွားကစားဖူးပြီး လက်ရှိရာသီတွင်မန်ယူအတွက်တစ်ပွဲမှ မကစားရသေးသည့် အီဗန်ကို အဲဗာတန်အ သင်းကလည်း ချိတ်ဆက်ခဲ့သေးသည်။

အီဗန်သည်ဝက်စ်ဘရွန်းကစားသမားသစ်ဖြစ်လာတော့မည်ဟု သောကြာနေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်နည်းပြ တိုနီပူးလစ် က ပြောသည်။

“အီဗန်ဟာအသင်းရဲ့ ခေါ်ယူမှုကောင်းတစ်ခုဖြစ်လာမှာမှန်ပေမယ့် ငွေရေးကြေးရေးနဲ့သူ့အသင်းပေါ်မှာလည်း မူတည်ပါသေးတယ်”ဟု ပူးလစ် က ပြောသည်။

အီဗန်သည် ဇန်နဝါရီတွင် မန်ယူမှထွက်ခွာသွားပြီး ဝက်စ်ဘရွန်းအသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခံထားရသည့် ဖလက်ချာနှင့်ပြန်လည်လက် တွဲရမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly