မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃ ပုံ ၂ ပုံ နီးပါး အမှန်ဝင်ရောက်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃ ပုံ ၂ ပုံ နီးပါး အမှန်ဝင်ရောက်

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ စီစစ်ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃ ပုံ ၂ ပုံ နီးပါး ရင်းနှီးမြှုပ်နှံမှုအမှန်ဝင်ရောက်မှုရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၁ ဘီလီယံရှိခဲ့ပြီး အမှန်ဝင်ရောက်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄ ဘီလီယံရှိ သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက  " ရင်းနှီးမြှုပ်နှံမှု အမှန်ဝင် ရောက်တဲ့ စာရင်းကို သုံးလတစ်ကြိမ် ထုတ်ပေးတာပါ။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်  ၆ လပြည့်တဲ့အချိန်မှ စပြီး ထုတ်ပေး တာကြောင့် (၃)ကြိမ်ပဲ ထုတ်ပြန်နိုင်ခဲ့တယ်။ ဘဏ္ဍာနှစ်တစ်ခုလုံးရဲ့ အမှန်ဝင်ရောက်မှုစာရင်းကတော့ ၄ ဒသမ ၃၄ ဘီလီယံဖြစ်ပါတယ်" ဟု ဧပြီလ ၂၈ ရက်က မဇ္စျိမသို့ ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် မတ်လအထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ၄ ဒသမ ရ ဘီလီယံ တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၂၂ ခု စိစစ်ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ရ၁၇ ဘီလီယံဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၉၈ သန်းကျော်ခွင့်ပြုခဲ့သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၁ ဘီလီယံ ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly