ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်

ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်

ရန်ကုန် ၊ ဧပြီ ၂၈ ။                      ။ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သန်းသည် ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ ညနေက လမ်းမတော် ရွှေလမင်းဆေးရုံ၌ ကွယ်လွန်သွားခဲ့သည် သိရသည်။

"ဟုတ်ပါတယ်။ မနေ့က ညနေက ဆုံးသွားပါတယ်။  (၉၆) ပါး ရောဂါနဲ့ ကွယ်လွန်သွားတာပါ "ဟု စမ်းချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

ဦးမောင်မောင်သန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ရန်ကုန် အနောက်ပိုင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ကွယ်လွန်ခဲ့သည့် လွှတ်တေ်ာကိုယ်စားလှယ်များသည် ဦးမောင်မောင်သန်း အပါအဝင် စုစုပေါင်း ၁၁ ဦး အထိ ရှိနေပြီဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲမှ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေညာထားခြင်းကြောင့် ယခုလို ကွယ်လွန်သွားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ နေရာများသည်လည်း ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည့် စာရင်းထဲတွင် ပါ၀င်လာမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly