အစ္စကို၊ ကာဗာဟယ်လ်တို့ ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွှဲချော်မည်

အစ္စကို၊ ကာဗာဟယ်လ်တို့ ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွှဲချော်မည်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ အစ္စကိုနဲ့ ညာနောက်ခံလူ ကာဗာဟယ်လ်တို့ဟာ ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို လွှဲချော်မှာဖြစ်တယ်လို့ စပိန်ကလပ်အသင်းက သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဆေးစစ်ချက်အရ အစ္စကိုဟာ ဘယ်ဘက်ပခုံးဒဏ်ရာ ရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး အဆိုပါဒဏ်ရာက စနေနေ့မှာ ကစားမယ့် လီဂါနစ်စ်နဲ့ပွဲစဉ်ကိုပါ လွှဲချော်မှာဖြစ်ပါတယ်။

နောက်ခံလူ ကာဗာဟယ်လ်ကတော့ တံကောက်ကြောဒဏ်ရာ ခံစားနေရတာကြောင့် ၃ ပတ်ခန့် အနားယူရမှာဖြစ်ပါတယ်။

အဆိုပါရီးယဲလ်ကစားသမားနှစ်ဦးဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘိုင်ယန်မြူးနစ်အသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာအသီးသီး ရရှိခဲ့တာဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required