တိုင်းစည်ပင်မှ ရာထူးတဆင့်ချထားခံရသည့် ညွှန်မှူး၏ ပင်စင်လျှောက်ထားမှုအား လက်မခံဟု စည်ပင်ဝန်ကြီး ပြော

တိုင်းစည်ပင်မှ ရာထူးတဆင့်ချထားခံရသည့် ညွှန်မှူး၏ ပင်စင်လျှောက်ထားမှုအား လက်မခံဟု စည်ပင်ဝန်ကြီး ပြော

ဧပြီ ၂၇ ။        ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်  ရာထူးတဆင့်ချအရေးယူခြင်းခံရသည့် စည်ပင်သာယာရေးအဖွဲ ့မှ ဒုညွန်ကြားရေးမှူးဦးအောင်မင်းနိုင်သည် မူလရာထူးဖြစ်သည့် ညွန်ကြားရေးမှူးရာထူးဖြင့် ပင်စင်လျှောက်ထားခဲ့ကြောင်းကို ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ကပြောသည်။

“အစိုးရအဖွဲ ့ရာထူးတဆင့်ချတဲ့ ဆုံးဖြတ်ချက်ထွက်ပြီးသွားမှ အကျိုးသက်ရောက်မှုမရှိအောင် မချခင် ရက်စွဲနဲ ့လာတင်တယ် ၊တပ်ထားတယ်ရက်စွဲနဲ ့လာပေးတဲ့ရက်စွဲ မကိုက်ညီတာ အကျံုးမဝင်ဘူး သတ်မှတ်တယ်၊တိုင်းဒေသကြီးအစိုးရဆုံးဖြတ်ချက်အတိုင်းပဲ သူကို ဒုညွန်မှူးလို့ သတ်မှတ်ထားတယ် ။ ခေတ္တညွန်ကြားရေးမှူးက ညွန်ကြားတာကို လိုက်နာရမယ်၊တိုင်းဒေသကြီးအစိုးရအဖွဲ ့ကထုတ်ထားတယ် ပြောင်းရွှေ့အမိန့်ကိုလိုက်နာဆောင်ရွက်ရမယ် ။ သတ်မှတ်ရက်အတွင်းမလိုက်နာရင် သတိပေးရက်ဆိုတာရှိတယ် ။ သတိပေးရက်အတွင်း လိုက်နာမဆောင်ရွက်ရင် နောက်ထပ်အရေးယူမှု ထပ်ဖြစ်မယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော််မြင့်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဧပြီလ ၂၆ရက်နေ ့အစည်းအဝေးဆုံးဖြတ်ချက်အားပြောသည်။

ရာထူးတဆင့်ချခံရသော ဦးအောင်မင်းနိုင်သည် လုပ်ပိုင်ခွင့်မရှိဘဲ ၀န်ထမ်းများအား နေရာပြောင်းရွှေ့ခြင်းနှင့် လုပ်ငန်းတင်ဒါခေါ်ယူရာတွင် လက်အောက် ၀န်ထမ်းများဖြင့်သာ ကော်မတီဖွဲ့ခြင်းများဖြင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် တင်ဒါစည်းမျဉ်းကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဝန်ထမ်းတွေနေရာပြောင်းရွေ့ ချထားတဲ့ အခါမှာ ဒုဦးစီးအထက်ဝန်ထမ်းက စပြီးပြောင်းရွေ့ချထားရင် ဝန်ကြီးက တဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချကိုတောင်းခံပြီး တိုင်းဒေသကြီး အစိုးရ ဆုံးဖြတ်ချက်၊ ခွင့်ပြုချက်နဲ့အညီ ဝန်ထမ်းတွေကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ရမယ် ။ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းကို ဖောက်ဖျက်ပြီး သူတစ်ဦးတစ်ယောက်တည်းသဘောနဲ့ မြို့နယ်အဆင့်၊ အရာထမ်းတွေကိုပါ နေရာပြောင်းရွေ့ချထားခဲ့တယ်” ဟု ၀န်ကြီးက ပြောသည်။

ဦးအောင်မင်းနိုင်အား ဧပြီလ ၁၈ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရာထူးတဆင့်နိမ့်ချပြီး ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဒုညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ရာထူးချထားခံရသူ ဒုတိယညွန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ဧရာဝတီတိုင်းဒေသကြီးအစိုးရထံ ပင်စင် တင်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူးဦးတင့်လွင်အား ဧရာဝတီတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တွဲဖက်တာဝန်ထမ်းဆောင်ရန် တိုင်းအစိုးရက ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required