မြန်မာနိုင်ငံခရီးစဉ်ကြောင့် ကစားသမားတချို့ ထိတ်လန့်နေနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ လိဒ်နည်းပြ

မြန်မာနိုင်ငံခရီးစဉ်ကြောင့် ကစားသမားတချို့ ထိတ်လန့်နေနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ လိဒ်နည်းပြ

အသင်းကစီစဉ်တဲ့ မြန်မာနိုင်ငံခြေစမ်းခရီးစဉ်ကြောင့် ကစားသမားအချို့ စိုးရိမ်ထိတ်လန့်နေနိုင်ဖွယ်ရှိတယ်လို့ လိဒ်ယူနိုက်တက် နည်းပြ ပေါလ် ဟက်ကင်းဘော်တွန်က ပြောဆိုလိုက်ပါတယ်။

မိသားစုတစ်ချို့ဟာ စစ်ဆင်ရေးကြောင့် သူတို့နေအိမ်တွေကိုစွန့်ခွာမှုတွေရှိနေတဲ့ မြန်မာနိုင်ငံကိုမေလအတွင်းမှာ လိဒ်အသင်း ခြေစမ်းပွဲနှစ်ပွဲသွားကစားမှာဖြစ်တယ်လို့ မူရင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

ဟက်ကင်းဘော်တွန်ကို နိုင်ငံရေးမေးခွန်းတွေမမေးကြဖို့ လိဒ်အသင်းက မီဒီယာကို တောင်းဆိုထားပါတယ်။

ဒါပေမဲ့ သူကတော့ ကစားသမားတွေဟာ ဇီကာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးထားရသလို အသင်းကလည်း ခရီးစဉ်အတွင်း ကြံုလာနိုင်တဲ့ ထိတ်လန့်စရာကိစ္စတွေကို လျှော့ချပေးလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကစားသမားတွေအနေနဲ့ စိုးရိမ်နေဖွယ်ရှိပြီး သူတို့ကို အနားပေးထားဖို့လိုပါတယ်။ ကျွန်တော်တို့က အသင်းရဲ့အလုပ်သမားတွေ ဖြစ်နေတော့ ကိုယ့်အလုပ်ကိုယ် လုပ်ကြရဖို့တော့ရှိတာပေါ့။

စိုးရိမ်စရာတွေရှိတယ်ဆိုရင်လည်း ဒါတွေက သဘာဝကျအောင်လုပ်ဖို့လိုပြီး အဲဒါတွေကို လျှော့ချပေးနိုင်ဖို့ လုပ်သင့်တာလုပ်ရမှာ ပေါ့။ သူတို့တွေအဆင်ပြေအောင် အသင်းကလုပ်ပေးပါလိမ့်မယ်” လို့ ဟက်ကင်းဘော်တွန်က ဘီဘီစီ ရေဒီယို လိဒ် ကို ပြောဆို ခဲ့ပါတယ်။

ချန်ပီယံရှစ်ကလပ်ဟာ ရန်ကုန်မှာ မြန်မာနေရှင်နယ်လိဂ်အောစတားအသင်း၊ မန္တလေးမှာ မြန်မာလက်ရွေးစင်အသင်းတို့နဲ့ ခြေစမ်းမှာဖြစ်သလို နည်းပြသင်ခန်းစာလည်း ပို့ချဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံကိုသွားဖို့ဆိုရင် ခရီးသွားလမ်းညွှန်ချက်အကြံဉာဏ်ကိုရယူသင့်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက လိဒ်အသင်းကို ညွှန်ကြားထားတယ်လို့လည်း ဘီဘီစီသတင်းမှာ ဖော်ပြထားသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required