ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ပြီး ထာဝရ ငြိမ်းချမ်းရေး ကင်မ်နဲ့ မွန်းတို့ ဆွေးနွေး

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ပြီး ထာဝရ ငြိမ်းချမ်းရေး ကင်မ်နဲ့ မွန်းတို့ ဆွေးနွေး

ဧပြီ ၂၇ ။          ။ ယနေ့ ဧပြီ ၂၇ ရက်မှာ ကျင်းပတဲ့ သမိုင်းဝင်ကိုရီးယား ထိပ်သီးအစည်းအဝေးမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလို တွေ့ဆုံရာမှာတော့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်ရေးနဲ့ အမြဲထာဝရ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ နှစ်ဘက်ခေါင်းဆောင်တွေအကြား ဆွေးနွေးခဲ့တယ်လို့ မွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

အဆိုပါ သမိုင်းဝင် တွေ့ဆုံမှုမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဟာ နယ်စပ်ကနေတဆင့် တောင်ကိုရီးယား ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်လာပြီး တောင်ကိုရီးယားသမ္မတ နဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီလို ကင်မ်ဂျံုအန်း နယ်စပ်စည်းကို ဖြတ်ကျော်ချိန်မှာပဲ အများမထင်မှတ်ထားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်သွားခဲ့ပါသေးတယ်။ ဒါကတော့ ကင်မ်က ၎င်းနဲ့အတူ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းကိုလည်း နယ်နမိတ်စည်းကို ကျော်ကာ မြောက်ကိုရီးယားဘက် ခဏ ခေါ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ မွန်းလည်း ကင်မ်နဲ့အတူ မြောက်ကိုရီးယားပိုင်နက်ဘက် ခဏတာ ခြေလှမ်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက်ကျမှ ခေါင်းဆောင်နှစ်ဦးဟာ တောင်ကိုရီးယားဘက် ပြန်လျှောက်လာခဲ့ပြီး ၎င်းတို့အကြား တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လုပ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required