ပန်မွန်ဂျွန်က " တစ်ကွဲတစ်ပြားဖြစ်ခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေး သင်္ကေတ" ပါဟု မွန်းဂျေအင်း ပြော

ပန်မွန်ဂျွန်က " တစ်ကွဲတစ်ပြားဖြစ်ခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေး သင်္ကေတ" ပါဟု မွန်းဂျေအင်း ပြော

ဧပြီ ၂၇ ။         ။ ယနေ့ ဧပြီ ၂၇ ရက်မှာ ကိုရီးယားထိပ်သီးအစည်းအဝေးကို ပြုလုပ်နေတဲ့ ပန်မွန်ဂျွန် ရွာလေးက တကယ်တော့ "တစ်ကွဲတစ်ပြားဖြစ်ခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေး သင်္ကေတ" တစ်ခု ဖြစ်ပါတယ်ဆိုပြီး တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျံုအန်း နှစ်နိုင်ငံ နယ်စည်းကို ဖြတ်ကျော်ရောက်ရှိခဲ့စဉ်မှာပဲ မွန်းက အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်ပါတယ်။

အဆိုပါ ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးအကြား သမိုင်းဝင် တွေ့ဆုံမှုကတော့ ယနေ့မှာပဲ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းကလည်း နယ်စပ်မျဉ်းကို ကျော်ပြီး တောင်ကိုရီးယားဘက်က ရောက်လာချိန်မှာ ၎င်းအနေနဲ့ အတော့်ကို စိတ်လှုပ်ရှားခဲ့ရပါတယ်ဆိုပြီး ပြောသွားပါတယ်။

ဒါကလည်း ကင်မ်အတွက်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ နှစ်အကြာက ကိုရီးယားစစ်ပွဲပြီးနောက် တောင်ကိုရီးယားဘက်ကို ပထမ ဆုံး ခြေချရောက်ရှိလာတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

" သမိုင်းသစ်တစ်ခုကို စတင်ဖို့အတွက် ကျွန်တော်ဒီကို ရောက်လာတာဖြစ်ပါတယ်" လို့လည်း ကင်မ်က ပြောပါတယ်။

ယမန်နှစ်တုန်းကတော့ မြောက်ကိုရီးယားတို့အနေနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ အများအပြား လုပ်ဆောင်ထားခဲ့ပေမယ့်လည်း ယခုအချိန်ကစလို့ အဲဒီလို စမ်းသပ်မှုတွေ ထပ်လုပ်တော့မှာမဟုတ်ဘူးလို့ ကင်မ်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required