အမေရိကန် Grand Prix ကားမောင်းပြိုင်ပွဲ၌ သီဆိုဖျော်ဖြေကြမည့် ဘရူနိုမားစ်နှင့် ဘရစ်တ်နေစပီးယား

အမေရိကန် Grand Prix ကားမောင်းပြိုင်ပွဲ၌ သီဆိုဖျော်ဖြေကြမည့် ဘရူနိုမားစ်နှင့် ဘရစ်တ်နေစပီးယား

အမေရိကန် Grad Prix ကားမောင်းပြိုင်ပွဲ၏ ပွဲစီစဉ်သူများသည် ၄င်းတို့၏ပြိုင်ပွဲအား ပရိသတ်စိတ်ဝင်စားမှု ပိုမို ရရှိရန်နှင့် ကွင်းအတွင်းလာရောက်ကြည့်ရှုသူ ပိုမိုများပြားအောင် စွဲဆောင်သည့်အနေဖြင့် တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင်ကျင်းပမည့် ဖော်မြူလာဝမ်းကားပြိုင်ပွဲ၌ ဂီတရှိုးပွဲများကို ထည့်သွင်းသွားရန်စီစဉ်ထားပြီး နာမည်ကျော်အဆိုတော်များဖြစ်ကြသည့် ဘရူနိုမားစ်နှင့် ဘရစ်တ်နေစပီးယားတို့ကို လာရောက်ဖျော်ဖြေပေးရန် ဖိတ်ခေါ်ထားသည်။

ဂရမ်မီဆုအတွက် ၂၇ ကြိမ်ခန့် စကာတင်စာရင်းထဲတွင်ပါ၀င်ခဲ့သည့် ဘရူနိုမားစ်သည် သူ၏ 24K Magic ကမ္ဘာ လှည့်ဖျော်ဖြေပွဲပြီးနောက်တွင် လာမည့်အောက်တိုဘာလတွင်ကျင်းပမည့် ကားပြိုင်ပွဲမတိုင်မီ တစ်ရက်အလို တွင်ပြုလုပ်သော ဖျော်ဖြေပွဲ၌ လာရောက်ဖျော်ဖြေရန်စီစဉ်ထားပြီး စပီးယားအနေဖြင့် ၂၀၁၈ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျင်းပမည့်အခမ်းအနား၌ ဖျော်ဖြေမည်ဖြစ်သည်။

ပြီးခဲ့သောနှစ်ကလည်း Grand Prix ကားပြိုင်ပွဲမှပြုလုပ်သည့် ဂီတဖျော်ဖြေပွဲတွင် ဂျက်စတင် တင်ဘာလိတ်ခ်က ဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲကျင်းပသည့် တနင်္ဂနွေနေ့ထက် စနေနေ့တွင် လာရောက်ကြည့်ရှုသူ ပိုမိုများပြားကြောင်း သိရသည်။

အမေရိကန် Grand Prix ပြိုင်ပွဲစီစဉ်သူများသည် ကမ္ဘာတစ်ဝန်း နာမည်ကျော်ကြားသည့် အဆိုတော်များ၏ ပုံရိပ်ကိုအသုံးချကာ ပြိုင်ပွဲကို လူစိတ်ဝင်စားမှုများပြားလာအောင် ကြိုးပမ်းလေ့ရှိသည်။

ပြီးခဲ့သော ၂၀၁၆ ခုနှစ် ကလည်း ယင်းပြိုင်ပွဲ၏ပုံရိပ်ကို မြှင့်တင်သည့်အနေဖြင့် နာမည်ကျော်အဆိုတော် တေလာဆွစ်ကို ငှားရမ်းခဲ့ပြီး သူမ၏ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုသူ ၈ သောင်းခန့်အထိရှိခဲ့ကာ ပြိုင်ပွဲ အပေါ် လူစိတ်ဝင်စားမှုနည်းပါးလာခြင်းအား လျှော့ချနိုင်ခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly