လူသတ်မှုနှင့် မုဒိန်းမှုများ ဆက်တိုက်ကျူးလွန်ထားခဲ့သည့် အမေရိကန်ရဲဝန်ထမ်းဟောင်းကို နှစ် ၄၀ နီးပါးကြာပြီးမှ ဖော်ထုတ်ဖမ်းဆီး

လူသတ်မှုနှင့် မုဒိန်းမှုများ ဆက်တိုက်ကျူးလွန်ထားခဲ့သည့် အမေရိကန်ရဲဝန်ထမ်းဟောင်းကို နှစ် ၄၀ နီးပါးကြာပြီးမှ ဖော်ထုတ်ဖမ်းဆီး

ဧပြီ ၂၆ ။            ။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်ကာလများအတွင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ လူသတ်မှုများ၊ မုဒိန်းမှုများ၊ ဖောက်ထွင်းမှုများကို ဆက်တိုက်ကျူးလွန်ထားခဲ့သည့် အမျိုးသားတစ်ဦးအား ယခုအခါ ပြည်နယ်ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်သည်။

"Golden State Killer" ဟု ခေါ်ဆိုကြသည့် အသက် ရ၂ နှစ်အရွယ် ဂျိုးဇက် ဂျိမ်းစ် ဒီအိန်ဂျယ်လို ဆိုသူ အမျိုးသားကို ဧပြီ ၂၄ ရက်မှာ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ယခုအခါ ၎င်းကျူးလွန်ထားသည့် ပြစ်မှုများအတွက် အရေးယူသွားရန် စွဲချက်တင်ထားလိုက်ပြီဖြစ်သည်။

တရားခံဖြစ်သူ ဂျိုးဇက်မှာ ရဲဝန်ထမ်းဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

ဂျိုးဇက်မှာ ကယ်လီဖိုးနီးယား ပြည်နယ်၌ လွန်ခဲ့သည့် ၁၉၇၆ ခုနှစ် နှင့် ၁၉၈၆ ခုနှစ် ကြားကာလများအတွင်း လူသတ်မှု အနည်းဆုံး ၁၂ ခု၊ အဓမ္မပြုကျင့်မှုပေါင်း ၅၀ ကျော်၊ နေအိမ်ဖောက်ထွင်းမှုပေါင်း ၁၂၀ ကျော်တို့ ကျူးလွန်ထားခဲ့ကြောင်း FBI က ပြောသည်။

၎င်း၏ သားကောင် ဖြစ်ခဲ့ရသူများထဲတွင် အသက်အရွယ်အားဖြင့် ၁၃ နှစ် ၄၁ နှစ်ကြား ရှိသူများ ပါ၀င်ခဲ့ရသည်။

" အဲဒီကာလတွေတုန်းက သူ့ရဲ့ ကျူးလွန်မှုတွေကြောင့် လူတိုင်း ထိတ်လန့်ခဲ့ရပါတယ်" ဆိုပြီး FBI  အထူးအေးဂျင့် မာကက်စ် နက်ဆန်က ပြောသည်။

အဆိုပါ ပြစ်မှုများ ဆက်တိုက် ကျူးလွန်ထားခဲ့သည့် ဂျိုးဇက်၏ အမှုကို ယင်းကာလများနောက်ပိုင်း ရဲက အားချင်း ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိဘဲ လွန်ခဲ့သည့်  နှစ် နှစ်ခန့်ကလည်း ၎င်းနှင့်ပတ်သက်၍ သတင်းပေးနိုင်သူကို ဆုငွေ ၅၀,၀၀၀ ပေးမည်ဟု FBI က ကမ်းလှမ်းထားခဲ့သေးသည်။

ယခုကဲ့သို့  ဂျိုးဇက်အား ဖော်ထုတ်ဖမ်းမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့အနေဖြင့် DNA တိုက်ဆိုင်စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required