ငှက်ပျောသီးများထည့်ထားသော ကွန်တိန်နာအတွင်းမှ ကိုကိန်း ၉ တန်ကို စပိန်ရဲတပ်ဖွဲ့ ဖမ်းမိ

ငှက်ပျောသီးများထည့်ထားသော ကွန်တိန်နာအတွင်းမှ ကိုကိန်း ၉ တန်ကို စပိန်ရဲတပ်ဖွဲ့ ဖမ်းမိ

 

အယ်လ်ဂျီစီရက်စ်၊ ဧပြီ ၂၆ ။             ။ ဥရောပတိုက်အတွင်း အကြီးမားဆုံးသော ကိုကိန်းမှောင်ခိုတင်သွင်းမှုများထဲမှ တစ်ခုကို စပိန်ရဲတပ်ဖွဲ့က ငှက်ပျောသီးများထည့်ထားသော ကွန်တိန်နာအတွင်းထဲ၌ ရှာတွေ့ခဲ့ပြီး ရဲအရာရှိတစ်ဦးနှင့် စီးပွားရေးသမား ၂ဦးအပါအဝင် စုစုပေါင်း လူ ၆ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

စပိန်နိုင်ငံတောင်ပိုင်း ကာဒစ်ဇ်မြို့အနီးရှိ အယ်လ်ဂျီစီရက်စ်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သော ကွန်တိန်နာထဲမှ ဖမ်းဆီးရမိသည့် ကိုကိန်းများသည် ၉ တန်နီးပါးခန့် အလေးချိန်ရှိပြီး ကိုလံဘီယာမှ တင်သွင်းသော ငှက်ပျောသီးဖာများထဲ၌ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

“ဒီကွန်တိန်နာထဲက ဖမ်းဆီးရမိခဲ့တဲ့ ကိုကိန်းများဟာ ဥရောပတိုက်အတွင်းမှာ အကြီးမားဆုံး မှောင်ခိုတင်သွင်း မှုပဲဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး ဟွမ်အစ်ဂ်နာစီယိုဇွိုက်ဒိုက ပြောခဲ့သည်။

“အမှုဆက်လက်ဖွင့်ထားဆဲဖြစ်တဲ့ ယခုဖမ်းဆီးမှုစစ်ဆင်ရေးအတွင်း စုစုပေါင်း လူ ၆ဦးကို ဖမ်းမိခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့က လူ ၂ဦး ၊ စပိန်နိုင်ငံ မာလာဂါမြို့က လူ ၃ဦးနဲ့ အယ်လ်ဂျီစီရက်စ်ဆိပ်ကမ်းက တစ်ဦးကို ဖမ်းမိခဲ့ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဖမ်းခံခဲ့ရသူ ၆ ဦးထဲမှ တစ်ဦးမှာ စပိန်နိုင်ငံ၏ ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required