လှိုင်​သာယာအမှိုက်​ပုံမီးကို တပ်မတော်သားများအပါအဝင် အင်​အား ၆၀၀ ​ကျော်​ဖြင့် ငြိမ်းသတ်နေ

လှိုင်​သာယာအမှိုက်​ပုံမီးကို တပ်မတော်သားများအပါအဝင် အင်​အား ၆၀၀ ​ကျော်​ဖြင့် ငြိမ်းသတ်နေ
(ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်​သာယာမြို့နယ်​၊ ထိန်​ပင်​သုဿန်အနီးရှိ အမှိုက်ပုံမီး​လောင်​မှုအား တပ်မတော်သားများအပါအဝင် လူအင်​အား ၆၀၀ ဝန်​းကျင်​ဖြင်​့ မီးငြှိမ်​းသတ်​နေ​ကြောင်​း သိရသည်။

ဧပြီလ ၂၅ ရက်​​နေ့တွင်​ လှိုင်​သာယာအမှိုက်​ပုံမီး​လောင်​​ကျွမ်းနေသောနေရာတွင်​ ရန်ကုန်​တိုင်​းမီးသတ်​ဦးစီးမှူး ဦးမျိုးဝင်​းက​ ပြောခဲ့ခြင်​းဖြစ်​သည်​။

၅ ရက်ခန့် ကြာမြင့်နေပြီဖြစ်သော အဆိုပါမီးလောင်မှုကို သ​န္ဓေမီးသတ်​တပ်​ဖွဲ့ဝင်​ ၃၀၆ ဦး၊ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​ ၁၅၀ ဦး၊ တပ်​မ​တော်သား ၁၅၀ ဦး စုစု​ပေါင်​း အင်​အား ၆၀၀ ​ကျော်​ဖြင်​့ ငြှိမ်​းသတ်​​နေသည်​။

ရန်​ကုန်​တိုင်​း​ဒေသကြီး လှိုင်​သာယာမြို့နယ်​၊ ထန်​းတပင်​၊ ​မြောက်​ဥက္ကလာမြို့နယ်​၊ ကြည်​့မြင်​တိုင်​မြို့နယ်​၊အလုံ​မြို့နယ်​၊ ​ကျောက်​တံတား၊ တာ​မွေ၊ ​တောင်​ဥက္ကလာ၊ ဒဂုံမြို့သစ်​​မြောက်​ပိုင်​းမြို့နယ်​များမှ မီးသတ်​တပ်​ဖွဲ့ဝင်​များက အလှည့်ကျစနစ်ဖြင့် လာရောက်ငြိှမ်းသတ်နေခြင်း ဖြစ်သည်​။

"တပ်​ဖွဲ့ဝင်​​တွေကို အလှည်​့ကျစနစ်​နဲ့ တစ်​ဖွဲ့ဝင်​၊ တစ်​ဖွဲ့နား အဲဒီလိုမျိုးနဲ့ Man Power မကျသွား​အောင်​ ​ဆောင်​ရွက်​​ပေးလျက်​ရှိပါတယ်​"ဟု ရန်​ကုန်​တိုင်​းမီးသတ်​ဦးစီးမှူး ဦးမျိုးဝင်​းက ဆိုသည်​။

မီးငြှိမ်​းသတ်ရာတွင်​ သ​န္ဓေမီးသတ်​တပ်​ဖွဲ့ဝင်​များတွင် ကျန်​းမာ​ရေးထိခိုက်​မှုမရှိဘဲ လူ​နေရပ်​ကွက်​များတွင်​ မီးခိုးမွှန်​မှုများကြားမိသည်​ဟု ဦးမျိုးဝင်​က ​ပြောသည်​။

​မီးသတ်တပ်ဖွဲ့ဝင်များအပြင် တပ်​မ​တော်​မှလည်း မီးငြှိမ်​းသတ်ရန်​အတွက် ယာဉ်​ ၁၄ စီး အပါအဝင်​ ယာဉ်​အစီး​ရေ ရ၃ စီး​​၊ အ​ပေါ့စား​ရေစုပ်​စက်​ အလုံး ၃၀ တို့ဖြင်​့ လုပ်​ကိုင်​​နေကြောင်း သိရသည်​။

"ဒီဘက်​ခြမ်​းမှာဒါက ဟိုဘက်​မှာဆိုရင်​မီးသတ်​တပ်​ဖွဲ့ ဒီဘက်​က​နေပြီး​တော့မှ ဝိုင်​းပြီးအားလုံးမီးသတ်​​ပေးတာ​ပေါ့"ဟု လှိုင်​သာယာမြို့နယ်​ ရန်​ကုန်​တိုင်​းစစ်​ဌာနချုပ်​မှ ဗိုလ်​မှူး​ဇေယျက​ ​ပြောသည်​။

လက်​ရှိအချိန်​တွင်​ ရန်​ကုန်​မြို့​တော်​စည်​ပင်​၏ ဘတ်​ဂျက်​​ငွေဖြင်​့ မီးခိုးထွက်​မှုနှင်​့ ပြန်​လည်​​လောင်​ကျွမ်​းမှုမဖြစ်​​စေမည်​့ Class A အမျိုးအစား Bio Form  ဂါလန်​ ၁၈၀၀ ကို နိုင်​ငံခြားမှ မှာယူထားသည်​ဟု သိရသည်။

မီးစတင်​​လောင်​ကျွမ်​းခဲ့သည်​့ ဧပြီ ၂၁ ရက်​​နေ့မှ ဧပြီ ၂၅ ရက်​ အတွင်​း မီးငြှိမ်​းသတ်​ရန်​အသုံးပြုခဲ့သည်​့ ​​ရေဂါလန်​ပမာဏမှာ မ​ရေတွက်​နိုင်​​ကြောင်​း၊ အမှိုက်​ပုံအနီးရှိ ​ချောင်​းများ၊ ကန်​များမှ ​ရေများကိုပါ လက်​ရှိအချိန်​တွင်​ရယူ​နေရသည်​့အတွက်​ ​နောင်​တစ်​ချိန်​မီး​လောင်​မှုများအတွက်​ ​ရေရရှိရန်​အရင်​းမြစ်​များ ထားရှိရန်​အတွက်​ သင်​ခန်​းစာဖြစ်​​ကြောင်​မီးသတ်ဦးစီးမှူးက ​ဆိုသည်​။

ရန်​ကုန်​တိုင်​း​ဒေသကြီး လှိုင်​သာယာမြို့နယ်​ရှိ ဧက ၁၅၀ အကျယ် အမှိုက်​ပုံသည်​ ဧပြီလ ၂၁ ရက်​​နေ့မှ စတင်​​လောင်​ကျွမ်​းခဲ့ပြီး​တွင်​ လက်ရှိတွင် ဧက ၁၀၀ ခန်​့ ​လောင်​ကျွမ်​း​လျှက် ရှိသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required