ရန်ကုန်တိုင်းဝန်ကြီးချုပ် လှိုင်သာယာအမှိုက်ပုံမီး လာရောက်စစ်ဆေးပြီး လိုအပ်သည်များ ပံ့ပိုးမည်ဟု ဆို

ရန်ကုန်တိုင်းဝန်ကြီးချုပ် လှိုင်သာယာအမှိုက်ပုံမီး လာရောက်စစ်ဆေးပြီး လိုအပ်သည်များ ပံ့ပိုးမည်ဟု ဆို
ဓာတ်ပုံ-သူရ

ရန်ကုန်၊ ဧပြီ ၂၅ရက် ။            ။ ၅ ရက်ကြာ လောင်ကျွမ်းနေသော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးကို ဧပြီလ ၂၅ ရက်တွင် ရန်ကုန်တိုင်း၏ အိမ်ထောင်ဦးစီးဟု ပြောကြားထားသော ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း လာရောက်ကြည့်ရှုှုစစ်ဆေးခဲ့သည်။

မီးငြိမ်းသတ်ရာတွင် လိုအပ်သည့် စက်စ္စည်းများ၊ မီးငြိမ်းသက်ရန်လိုအပ်သည့်အရည်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ဝန်ကြီးချုပ်က မှာကြားခဲ့သည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံသည် ဧပြီလ ၂၁ရက်နေ့မှစတင်ကာမီးလောင်ကျွမ်းခဲ့ပြီး ဧပြီလ ၂၅ရက်နေ့တွင် ၀န်ကြီးချုပ် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

လှိုင်သာယာအမှိုက်ပုံတွင် ၅ရက်တာလောင်ကျွမ်းနေသည့်မီးကို မီးငြှိမ်းသတ်ရလွယ်ကူစေရန် လှေကားရှည်ကားများကို ဧပြီလ ၂၆ရက်နေ့တွင် ထပ်မံထည့်သွင်းပေးရန်စီစဉ်နေပြီး လိုအပ်ချက်မျးကို ထပ်မံတင်ပြနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ထို့အပြင် မီးငြိမ်းသတ်ရာတွင် မီးခိုးအထွက်နည်းစေရန်နှင့် ပြန်လည်မီးတောက်မလာစေရန် Bio Foam ဟု ခေါ်သည့် အရည်ကို ထိုင်းနိုင်ငံမှ မှာယူအသုံးပြုရန်စီစဉ်ထားသည်ဟု ပြောခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ရောဂါအခံရှိသူများအတွက် အရေးပေါ်ကယ်ဆယ်ရေးစခန်းများ ထပ်မံဖွင့်သွားရန်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း ဦးမြတ်မင်းသူက ဆက်ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဒေသကြီး၏ အိမ်ထောင်ဦးစီးအဖြစ်ခံယူထားကြောင်း ဧပြီ ၂၀ရက်နေ့ က UMFCCI တွင်ကျင်းပသည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။

လက်ရှိတွင် လှိုင်သာယာထိန်ပင်အမှိုက်ပုံနှင့် အနီးဆုံးရပ်ကွက်များဖြစ်သည့် အမှတ် ၂၀၊ ၁၈၊ ၅၊ ၆ ၊ ရ ရပ်ကွက်များတွင် မီးခိုးနှင့်ညှော်နံ့များ ပိုမို ခံစားနေရသည်ဟု ကြားသိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပြင် ၀န်ကြီးဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းနယ်စပ်ရေးရာနှင့်လုံခြံုရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တို့ အပါအဝင် သက်ဆိုင်ရာလွှတ်တော်အမတ်များ ယနေ့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required