အမေရိကန်နှင့် ပြင်သစ်တို့၏ မည်သည့် နျူကလီးယားသဘောတူညီမှုသစ်မဆို အီရန် ပယ်ချ

အမေရိကန်နှင့် ပြင်သစ်တို့၏ မည်သည့် နျူကလီးယားသဘောတူညီမှုသစ်မဆို အီရန် ပယ်ချ

တီဟီရန်၊ ဧပြီ ၂၅ ။             ။ အီရန်နိုင်ငံ၏ နျူကလီးယားစီမံကိန်းအပေါ် လွှမ်းခြံုမည့် သဘောတူညီမှုတစ်ရပ်အား အမေရိကန်နှင့် ပြင်သစ်တို့မှ ခေါင်းဆောင်များက ဆော်သြလာပြီးနောက် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူကလီးယားသဘောတူညီမှု အသစ်ပြန်လည်ချုပ်ဆိုရခြင်းကို ငြင်းပယ်ကြောင်း ဧပြီ ၂၅ ရက်က ပြောသည်။

“JCPOA ဆိုတဲ့ နျူကလီးယားသဘောတူညီမှု ချုပ်ဆိုထားပြီး ဖြစ်တာပဲ။”ဟု သမ္မတ ရိုဟာနီက ဒေါသသံလွှမ်းသော မိန့်ခွန်းတစ်ရပ်တွင် ပြောဆိုသည်။ JCPOA သည် အီရန်က နျူကလီးယားစီမံကိန်း ဖြတ်ချပြီး ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ခံရမည်ဟု အပေးအယူဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ချုပ်ဆိုထားသော သဘောတူညီမှုဖြစ်သည်။

ဝါရှင်တန်က ထုတ်ပြန်သော ပြင်သစ်သမ္မတ မက်ခရွန်နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့က အီရန်ကို တင်းကြပ်ရေးအတွက် နျူကလီးယားသဘောတူညီမှုသစ်တစ်ရပ် ချုပ်ဆိုရေးကို အဆိုပြုခဲ့သည့်ဆိုသော ထုတ်ပြန်ချက်အပေါ် ရိုဟာနီက တုံ့ပြန်ခြင်းပဲ ဖြစ်သည်။

ချုပ်ဆိုထားသည့် သဘောတူညီမှုသည် အလွန်မိုက်မဲပြီး မတော်တရော် သဘောတူညီမှုပဲ ဖြစ်ကြောင်း သဘောတူညီမှုမှ မနုတ်ထွက်သွားရေး ဥရောပက မေတ္တာရပ်ခံနေသည့်ကြားမှ ထရမ့်က ပြောဆိုသည်။ ထိုပြင် အီရန်၏ ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကို ဖြတ်တောက်ရန်နှင့် အရှေ့အလယ်ပိုင်းက စစ်သွေးကြွများကို ထောက်ပံ့နေခြင်းများအား တင်းကြပ်ပစ်နို်င်းရေး သဘောတူညီမှုသစ် လိုကြောင်း ထရမ့်က တောင်းဆိုထားသည်။

ပြင်သစ်သမ္မတ မက်ခရွန်ကလည်း အီရန်က ထောက်ခံနေသည့် သမ္မတ အာဆတ်၏ ဆီးရီးယားအရေးတွင် ပြေလည်မှုရရေးကို သဘောတူညီမှုသစ်တွင် ပါဝင်ချုပ်ဆိုသင့်ကြောင်း ပြောခဲ့သည်။

အီရန်သမ္မတ ရိုဟာနီက ထရမ့်ကို လှောင်ပြောင်တုံ့ပြန်ပြီး “ခင်ဗျားဟာ နို်င်ငံရေး၊ ဥပဒေရေးမှာ ကျွမ်းကျင်တဲ့သူ မဟုတ်ပါလား။ နို်င်ငံတကာသဘောတူစာချုပ်တွေမှာလည်း မတတ်ကျွမ်းတဲ့ သူပါလား။”ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required