ဗီယက်နမ် ငါးခိုးဖမ်းစက်လှေနှှစ်စီးကို အင်ဒိုနီးရှား ဖမ်းဆီး

ဗီယက်နမ် ငါးခိုးဖမ်းစက်လှေနှှစ်စီးကို အင်ဒိုနီးရှား ဖမ်းဆီး

ဂျကာတာ၊ ဧပြီ ၂၅ ။          ။ အင်ဒိုနီးရှားနိုင်ငံသည် ၎င်းရေပိုင်နက်အတွင်း နိုင်ငံခြားသင်္ဘောများကို စောင့်ကြည့်ဖမ်းဆီးခြင်း နောက်ဆုံးဖြစ်ရပ်အဖြစ် ဧပြီ ၂၅ ရက်က ဗီယက်နမ်ငါးခိုးဖမ်း စက်လှေနှစ်စီးနှင့် အမှုထမ်းများကိုပါ ဖမ်းဆီးခဲ့သည်။

တောင်တရုတ်ပင်လယ်အစွန်ဖျား အင်ဒိုနီးရှားပိုင် နာတူနာကျွန်စုအနီး ခေါက်တုံ့ခေါက်ပြန် သွားလာနေသော အဆိုပါ စက်လှေနှစ်စီးကို အင်ဒိုနီးရှား ကင်းလှည့်စက်လှေက တွေ့ရှိပြီး အရှိန်လျှော့ရန် သတိပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

သို့သော်လည်း ယင်းစက်လှေနှစ်စီးက အရှိန်တင် မောင်းနှင်ရာ အင်ဒိုနီးရှား ရေကြောင်းလုံခြံုရေးအေဂျင်စီက ယင်းစက်လှေနှစ်စီးနောက် လိုက်လံကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဒီစက်လှေ နှစ်စီးက ရေပိုင်နက်အတွင်း စဝင်ရောက်လာတာဖြစ်ပြီး ဖမ်းမိထားတဲ့ ငါး ကီလိုဂရမ် ၃၀၀ လောက် ပါပါတယ်။”ဟု ယင်းအေဂျင်စီမှ ပြောခွင့်ရသူ မာဒီရိုနိုက ပြောသည်။

အဆိုပါ စက်လှေနှစ်စီးတွင် အမှုထမ်း ၂၁ ဦးပါပြီး ၎င်းတို့အား ဖမ်းဆီးချုပ်နှောင်ထားကြောင်း အေဂျင်စီက ဆိုသည်။

ရေပြင်ကျွန်းစု ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှားနို်င်ငံသည် ယင်းရေပိုင်နက်အတွင်း ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်သည့် ပြည်ပသင်္ဘောများကို ရပ်တန်နိုင်ရေး ကြိုးစားနေရလျက်ရှိပြီး ယင်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံများစွာ နစ်နာနေကြောင်း သမ္မတ ဝီဒိိုဒိုက ပြောသည်။

သမ္မတ ဝီဒိုဒို ၂၀၁၄ ခုနှစ်က ရာထူးတက်လာချိန်မှ စကာ နိုင်ငံခြားသင်္ဘောပေါင်း ၂၀၀ နီးပါးကို ဖမ်းဆီးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required