ခပ်ချေချေကို မိတ်ဆက်လိုက်တဲ့ ခင်သဇင်

ခပ်ချေချေကို မိတ်ဆက်လိုက်တဲ့ ခင်သဇင်

ရန်ကုန် ဧပြီ ၂၅ ။            ။ ဆိုခါစမှာ ကိုယ့်အသံကိုယ်ကြားပြီး စိတ်ဓာတ်ကျသွားခဲ့တယ်ဆိုတဲ့ သရုပ်ဆောင် ခင်သဇင်က ခပ်ချေချေလို့ အမည်ပေးထားတဲ့တေးအမ်ဘမ်သစ်ကို မိတ်ဆက်လိုက်ပါတယ်။

ဧပြီလ(၂၅)ရက်နေ့၊နေ့လည်ပိုင်းက ရန်ကုန်မြို့ Orchid ဟိုတယ်မှာ စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာပါ။

ဒီတေးအယ်လဘမ်မှာ အချစ်သီချင်းအေးအေးလေး ရ ပုဒ်နဲ့ မြူးကြွတဲ့ တေးသီချင်း ၁ ပုဒ် စုစုပေါင်း ၈ ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။ အမ်ဘမ်နာမည်ကို ခပ်ချေချေလို့ရွေးချယ်ဖြစ်ခဲ့ပုံကိုလည်း တေးသံရှင် ခင်သဇင်က မဇ္ဈိမကို အခုလို ပြောပါတယ်။

"လောကဓံဆိုတာ ပါဠိလို မြန်မာလိုဆိုရင် လောကသဘာဝပဲလေ၊ လူတွေက ကောင်းတာတွေ ကြုံလာလို့ ရှိ ရင် မောက်မာကြတယ်၊ ဆိုးတာနဲ့ကြုံရင် ဝမ်းနည်းကြ တယ်၊ လောကကြီးမှာ ကောင်းတာပဲကြုံကြုံ ၊ ဆိုးတာပဲ ကြုံ ကြုံ ခပ်ချေချနေနိုင်ရမယ်ဆိုတဲ့ သဘောတရားပေါ့၊ ဒါ လေးကို ကြိုက်လို့ နာမည်ပေးထားတာ" လို့ တေးသံရှင် သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။

သရုပ်ဆောင် ခင်သဇင်ဟာ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင် ဗီဒီယိုတွေ ရိုက်ကူးနေရာက ဂီတကို ရူးသွပ် စွဲလန်းစွာနဲ့ ဒီတေးစီးရီးသစ်ကို ပထမခြေလှမ်းအဖြစ် အစပျိုးနေတာလည်းဖြစ်ပါတယ်။

"သီချင်းကို ကိုယ်ကိုတိုင် ရူးသွပ်ပြီး ဆိုတာလို့လည်း ပြော လို့ရပါတယ်၊ အဆိုတော်ကောင်းကြီးတစ်ယောက် အနေနဲ့ မပြီးပြည့်စုံနိုင်သေးပါဘူး၊ စျေးကွက်ကိုလည်း ဝန်ခံပါတယ်၊ အဆိုတော်တစ်ယောက်ဖြစ်ဖို့ မလွယ်နိုင်ပါ ဘူး" လို့ တေးသံရှင် သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။

ဒီတေးစီးရီးကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင် ဖန်တီးခဲ့ပြီး သီချင်းအရည်အသွေးကို ကောင်းမွန် အောင် ကြိုးစားထားတယ်လို့ သရုပ်ဆောင် တေးသံရှင် ခင်သဇင်က ဆိုပါတယ်။ ဒီတေးစီးရီးကို လာမယ့် မေလ ၁ ရက်နေ့မှာ စတင်ဖြန့်ချိသွားမှာဖြစ်ပြီး လှည်းတန်းစင်တာ မှာ အနုပညာတွေနဲ့အတူ ပရိုမိုးရှင်းပွဲ ပြုလုပ်သွား မယ် လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly