ဆယ်ကျော်သက်တစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ အိန္ဒိယ ဂုရုဆရာကြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

ဆယ်ကျော်သက်တစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ အိန္ဒိယ ဂုရုဆရာကြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

ဧပြီ ၂၅ ။          ။ ဆယ်ကျော်သက်တစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ အိန္ဒိယနိုင်ငံက ဘာသာရေး ဂုရုဆရာကြီးတစ်ဦးကို ဧပြီ ၂၅ ရက်မှာ တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်မှုနဲ့ ထောင်ချခံရတဲ့ ဂုရုကြီးကတော့ လူသိများသူတစ်ဦးဖြစ်ပြီး ၎င်းအပေါ် ထောင်ခံတဲ့ နောက်လိုက်ဦးရေဟာ သန်းနဲ့ချီအထိ ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။

" သူ့ကိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချလိုက်ပါပြီ၊ နောက်ပြီး ဒီဖြစ်စဉ်တွေမှာ ပူးပေါင်းပါ၀င်အားပေးခဲ့တဲ့ အခြား နှစ်ဦးကိုလည်း ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်လိုက်ပါတယ်" ဆိုပြီး တရားလိုရှေ့နေတစ်ဦးဖြစ်တဲ့ ရာဂျန်ဒရာ ဆင်းန်က ပြောသွားပါတယ်။

အသက် ရ၇ နှစ်အရွယ် အဆာရမ်ဘာပူ ဆိုသူ အိန္ဒိယဘာသာရေး ဂုရုဆရာကြီးကတော့ ၎င်းအား ကိုးကွယ်ခဲ့တဲ့ ဆယ်ကျော်သက် အရွယ် ကလေးမလေးတစ်ဦးကို မကောင်းတဲ့ အစွဲတွေ ချွတ်ပေးမယ်ဆိုပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံအနောက်ပိုင်း ရာဂျက်စတန် ပြည်နယ်မှာ ပြုလုပ်တဲ့အဆိုပါ တရားရုံးအမိန့်ချမှတ်မှုမှာတော့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်မလာအောင် ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီ လုံခြံုရေး ယူပေးခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required