အင်ဒိုနီးရှားတွင် ရေနံတွင်း မီးလောင်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရ

အင်ဒိုနီးရှားတွင် ရေနံတွင်း မီးလောင်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရ

ဧပြီ ၂၅ ။           ။ အင်ဒိုနီးရှားနိုင်ငံတွင် တရားမဝင် လုပ်ကိုင်နေသည့် ရေနံတွင်းတစ်တွင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ဆယ်ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်များက ဧပြီ ၂၅ ရက်တွင် ပြောသည်။

ဆူမားတြားကျွန်း အာချေးဒေသရှိ လူနေဧရိယာတစ်ခုတွင် အဆိုပါ ရေနံတွင်း ဖိတ်စင်ယိုကျမှုကနေတဆင့် မီးလောင်ကျွမ်းမှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ယင်း မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် သုံးလုံးထက်မနည်းလည်း ပျက်စီး ဆုံးရှုံးသွားခဲ့သည်။

" မီးက ခုထိလောင်နေတုန်းဗျ၊ ငြိှမ်းလို့ မနိုင်သေးဘူး" ဆိုပြီး အာချေးဒေသ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆိုင်ဖူလ်က ပြောသည်။

ယခုအချိန်ထိ ရုပ်အလောင်း ဆယ်လောင်း ပြန်လည်ရရှိထားကြောင်းနှင့် သေဆုံးသူဦးရေ မြင့်တက်နိုင်သေးကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

သေဆုံးသွားသူများမှာ အဆိုပါ ရေနံတွင်းသို့ ရေနံလာရောက်ခပ်ယူနေစဉ် မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားကြခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required