အင်နီယေစတာကို မန်စီးတီးသို့ခေါ်ယူရန် ဂွာဒီယိုလာ ကြိုးစားဖွယ်ရှိ

အင်နီယေစတာကို မန်စီးတီးသို့ခေါ်ယူရန် ဂွာဒီယိုလာ ကြိုးစားဖွယ်ရှိ

ဧပြီ ၂၅၊ မန်ချက်စတာ။                      ။ ဂွာဒီယိုလာသည် ၎င်းနှင့် အင်နီယေစတာအကြားရှိ ဆက်ဆံရေးကိုအသုံးချပြီး ဘာစီလိုနာကွင်းလယ်လူကို မန်စီးတီးသို့ခေါ်ယူရန် ကြိုးစားလိမ့်မည်ဟု စပိန်သတင်းများက ဖော်ပြနေကြသည်။

အင်နီယေစတာသည် ရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့်စာချုပ်ပြည့်တော့မည်ဖြစ်ပြီး တရုတ်လိဂ်နှင့် ချိတ်ဆက်လျှက်ရှိ နေသည်။

သို့သော် ဂွာဒီယိုလာကလည်း ၎င်း၏ကစားသမားဟောင်းကို ပရီးမီးယားလိဂ်သို့ခေါ်ယူရန် ကြိုးစားလိမ့်မည်ဟု သတင်းများ ထွက်လာခြင်းဖြစ်သည်။

စီးတီးနည်းပြသည် အသက် ၃၃ နှစ်အရွယ်ကွင်းလယ်လူ၏ ကစားသမားဘဝကို အင်္ဂလန်တွင် ရှေ့ဆက်စေရန် ဆန္ဒရှိနေသည် ဟု စပိန်သတင်းစာ AS တွင် ဖော်ပြထားသည်။

ဘာစီလိုနာအတွက်ပွဲပေါင်း ရ၀၀ ကျော်ကစားထားသည့် အင်နီယေစတာသည် ၂၀၀၁ တွင် ဘာစီလိုနာအသင်းမှ ဂွာဒီယိုလာ ထွက်ခွာခဲ့စဉ်က ၎င်း၏နေရာကို အကောင်းဆုံး အစားဝင်ကစားနိုင်ခဲ့သူလည်းဖြစ်သည်။

အင်နီယေစတာအနေဖြင့် နူးကမ့်မှထွက်ခွာမည့်အစီအစဉ်နှင့်ပတ်သက်ပြီး တစုံတခုထပ်မံပြောဆိုခြင်းမရှိမီ စောင့်ကြည့်သွားဦး မည်ဟု ဂွာဒီယိုလာက ပြောဆိုထားသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required