Leeds United မြန်မာနိုင်ငံသို့ လာမည်ဆိုခြင်းကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးဗြိတိန်အဖွဲ့က ကန့်ကွက်စကားဆို

Leeds United မြန်မာနိုင်ငံသို့ လာမည်ဆိုခြင်းကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးဗြိတိန်အဖွဲ့က ကန့်ကွက်စကားဆို

 

Leeds United အသင်းက မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်မည်ဟု ကြေညာခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးဗြိတိန် အဖွဲ့က သဘောမကျသည့် ကန့်ကွက်စကားပြောခဲ့သည်။

ယင်းအဖွဲ့အစည်း၏ ဒါရိုက်တာဖြစ်သူ ကိတ်အလန်းက "အဆီအငေါ်မတည့်တဲ့ ရွေးချယ်မှုပုံ ပေါ်နေတယ်။ မြန်မာနိုင်ငံကို အလည်အပတ်သွားဖို့ ရွေးချယ်တယ်ဆိုတာကိုပါ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ပြီးခဲ့သည့်နှစ်မှာ ဆိုးဆိုးရွားရွားရှိခဲ့တာ မြင်နေကြရတာပဲ။" ပြောသည်။

Leeds United အသင်းသည် ပရိသတ်ခိုင်မာတည်ဆောက်ရေးအတွက် ရှေ့လအတွင်း မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်မည်ဟု ကြေညာထားခြင်း ဖြစ်သည်။ ထိုအလည်အပတ်လာရောက်မှုအတွင်း ပွဲစဉ်နှစ်ရက် ကစားမည်ဖြစ်ပြီး ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်အပါအဝင် အထင်ကရနေရာများသို့ လည်ပတ်မည်ဖြစ်သည်။

"ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထောင်သောင်းများစွာ ဘင်္ဂါလီတွေ(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) ထွက်ပြေးကြရတယ်။ မြန်မာအာဏာပိုင်တွေဟာ တကမ္ဘာလုံး ပြစ်တင်ပြောဆိုနေတဲ့ကြားကပဲ ရက်ရက်စက်စက် နှိမ်နင်းမှုတွေကို ဆက်ပြီးလုပ်ကိုင်နေခဲ့တာ ဖြစ်တယ်။"ဟု ကိန်အလန်းက ပြောသည်။

Leeds United ၏ မန်နေဂျာဖြစ်သူ အန်းဂတ်စ်ကင်နီးယားက "မြန်မာနိုင်ငံဟာ အင်္ဂလိပ်ဘောလုံးကို အရူးအမူး အားပေးတဲ့ အရှေ့တောင်အာရှ တစ်နိုင်ငံပဲ။ အလည်အပတ်ခရီးအားဖြင့် ပရိသတ်သစ်တွေ ရလာပြီး လာမယ့် ပရီးမီးယားလိဂ်ရာသီမှာ အားပေးမှုတွေ ရလာမှာ ဖြစ်တယ်။"ဟု အသင်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

"လူ့အခွင့်အရေးစံ အမည်းစက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံကို အားကစားနဲ့ အားကစားပွဲစဉ်တွေနဲ့ အရောင်တင်သလို မဖြစ်စေသင့်ဘူး။"ဟု ကိတ်အလန်းက ပြောသည်။

Leeds United အသင်း ၂၀၁၄ တွင် အင်္ဂလိပ်ပရီးမီးယားလိဂ်မှ အဆင့်ကျခဲ့ပြီး ဘဏ္ဍာရေးအကျပ်အတည်းကို နှစ်များစွာ ခံစားနေရကာ ထိပ်တန်းအဆင့် ပြန်တက်နိုင်ရေးအတွက် ရုန်းကန်နေရသည့် အသင်းပဲ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required