အမှိုက်​ပုံမီး​လောင်​မှုမှ မီးခိုးများ ရန်ကုန်တွင် ပျံ့နှံ့ပြီးနောက် ကျန်​းမာ​ရေးဝန်ကြီးဌာနမှ သတိ​ပေးချက်​ထုတ်​

အမှိုက်​ပုံမီး​လောင်​မှုမှ မီးခိုးများ ရန်ကုန်တွင် ပျံ့နှံ့ပြီးနောက် ကျန်​းမာ​ရေးဝန်ကြီးဌာနမှ သတိ​ပေးချက်​ထုတ်​
Phto-EPA
 

ရန်​ကုန်​၊ ဧပြီ ၂၄ ။         ။ ရန်​ကုန်​မြို့ရှိ မြို့နယ်​အချို့တွင်​ လှိုင်​သာယာမြို့နယ်​ရှိ အမှိုက်​ပုံမီး​လောင်​မှုမှ  မီးခိုးများ ပျံ့နှံ့ခဲ့ပြီးနောက် ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာနမှ မီးခိုး၊ ကာဘွန်​မို​နောက်​ဆိုဒ်​နှင်​့ပတ်​သက်သည့် သတ်ိ​ပေးချက်​ကို ဧပြီလ ၂၄ရက်​ ည ၉နာရီ ၄၅မိနစ်​အချိန်​ခန်​့၌ ထုတ်​ပြန်​ခဲ့သည်​။

၄င်​းမီးခိုး​ငွေ့များ​ကြောင်​့ နှလုံး​ရောဂါ၊ အသက်​ရှုလမ်​း​ကြောင်​း​ရောဂါ၊ အဆုတ်​​ရောဂါအခံရှိသူများ၊ သက်​ကြီးရွယ်​အို၊ က​လေးသူငယ်​နှင်​့ ကိုယ်​ဝန်​​ဆောင်​မိခင်​များတွင်​ ကျန်​းမာ​ရေးထိခိုက်​မှု ပိုမိုခံစားရနိုင်​သည်​ဟု ​သတိပေးထားသည်​။

မီးခိုး​ငွေ့​ကြောင်​့ ​ချောင်​းဆိုးခြင်​း၊ ယားယံခြင်​း၊ မျက်​စိစပ်​ခြင်​း၊ မျက်​ရည်​ယိုခြင်​း၊ နှာ​စေးခြင်​း၊ ​ခေါင်​းကိုက်​ခြင်​း တို့ဖြစ်​နိုင်​​ကြောင်​း ကျန်​းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာနမှ ထုတ်​ပြန်​ထားသည်​။

ထို့အပြင်​ ပြင်​းထန်​လာပါက အသက်​ရှုမြန်​ခြင်​း၊ အသက်​ရှုကြပ်​ခြင်​း၊ ​ချောင်​းဆိုးခြင်​း၊ ရင်​ဘတ်​​အောင်​့ခြင်​း၊ ​ရောဂါအခံ(နှလုံး​ရောဂါ၊ အသက်​ရူလမ်​း​ကြောင်​း​ရောဂါနှင်​့ ရင်​ကြပ်​ပန်​းနာ​ရောဂါ)ကိုပိုမိုဆိုးရွား​​စေခြင်​း၊ ပန်​းရင်​ကြပ်​ထလျှင်​မြည်​​သော ရွှီရွှီအသံများထွက်​ခြင်​းတို့ ဖြစ်​လာနိုင်​​သည်။

မီးခိုးတွင်​ပါဝင်​သည်​့ ကာဘွန်​မို​နောက်​ဆိုဒ်​​ ကြောင့် ခေါင်​းကိုက်​ခြင်​း၊ ဇာက်ကြောတက်​ခြင်​း၊ အားနည်​းခြင်​း၊ အန်​ခြင်​း၊ ရင်​ဘတ်​​အောင်​့ခြင်​း၊ စိတ်​ရှုပ်ထွေးခြင်​းတို့အပြင်​ ရှုမိပါက အသက်​အန္တရာယ်​​သေဆုံးသည်​အထိဖြစ်​​ပေါ်​နိုင်​သည်​ဟု ​ဖော်​ပြထားသည်​။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က စတင်ပြီး ဧရိယာစတုရန်း ၃၀၀ ရှိ လှိုင်သာယာထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၄ ရက်အကြာတွင် ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်သည့်  စမ်းချောင်း၊ အလုံ၊ လမ်းမတော်၊ လသာ၊ပုဇွန်တောင် ၊ရန်ကင်း၊ တာမွေ၊ ဗဟန်း ၊ သာကေတ ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့် တို့တွင် ညှော်နံ့များ စတင်ခံစားရနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required