ဒီဂျေသမားအာဗီချီအား ရည်စူးဂုဏ်ပြုကြသည့် ပရိသတ်များကို ကျန်ရစ်သူမိသားစု ကျေးဇူးတင်

ဒီဂျေသမားအာဗီချီအား ရည်စူးဂုဏ်ပြုကြသည့် ပရိသတ်များကို ကျန်ရစ်သူမိသားစု ကျေးဇူးတင်

မကြာခင်ကကွယ်လွန်သွားခဲ့သော ဆွီဒင်နိုင်ငံသား ဒီဂျေပညာရှင် အာဗီချီအား ရည်စူးဂုဏ်ပြုခဲ့ကြသည့် ကမ္ဘာအနှံ့မှပရိသတ်များအား ကျေးဇူးအထူးတင်ရှိကြောင်း အာဗီချီ၏မိသားစုက တနင်္လာနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

Wake Me Up ကဲ့သို့သော ပေါက်သီချင်းများစွာကိုဖန်တီးခဲ့ပြီး အမည်ရင်း တင်မ်ဘာဂ့်လင်းဟုခေါ်သော အာဗီချီသည် ပြီးခဲ့သော သောကြာနေ့က အိုမန်နိုင်ငံ မူစကပ်မြို့တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၂၈ နှစ်ခန့်သာရှိသေးကြောင်း သိရသည်။

“ကမ္ဘာအနှံ့နှံ့က တင်မ့်ကို ရည်စူးဂုဏ်ပြုသူတွေ၊ အောက်မေ့သတိရတဲ့အနေနဲ့ လူစုပြီးဆုတောင်းပွဲပြုလုပ်ပေး တာတွေ၊ ဘုရားကျောင်းတွေက တင်မ်ရဲ့သီချင်းသံစဉ်အလိုက် ခေါင်းလောင်းတီးပေးတာတွေ၊ Coachella ဂီတ ပွဲတော်မှာ ရည်စူးဂုဏ်ပြုပေးတာတွေ၊ ကမ္ဘာတစ်ဝန်းမှာ ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ခေတ္တငြိမ်သက် ပေးတာတွေ စတာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်” ဟု အာဗီချီ၏မိသားစုက ထုတ်ပြန်ကြေညာခဲ့ သည်။

မိသားစု၏ထုတ်ပြန်ချက်ထဲတွင် အာဗီချီသေဆုံးရသည့် အကြောင်းရင်းကို ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရ သည်။ အာဗီချီသည် အိုမန်၌ မည်သို့ကွယ်လွန်သွားခဲ့သည်ကို ယခုအချိန်ထိမသိရသေးသလို အိုမန်ရဲတပ်ဖွဲ့က မူ အာဗီချီသေဆုံးမှုတွင် သံသယဖြစ်ဖွယ်ရာ အခြေအနေများမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Wake Me Up ၊ Hey Brother တို့နှင့် ပေါက်သီချင်းများစွာကိုဖန်တီးခဲ့သော နာမည်ကြီးဒီဂျေသမား အာဗီချီ သေဆုံးမှုကြောင့် ကမ္ဘာတစ်ဝန်းမှ သူ၏ပရိသတ်များအနေဖြင့် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly