အမေရိကန်တွင် ကမ္ဘာ့့ပထမဆုံးအဖြစ် လိင်တံနှင့် ကပ်ပယ်အိတ်တို့ အစားထိုးခွဲစိတ်မှု ပြုလုပ်

အမေရိကန်တွင် ကမ္ဘာ့့ပထမဆုံးအဖြစ် လိင်တံနှင့် ကပ်ပယ်အိတ်တို့ အစားထိုးခွဲစိတ်မှု ပြုလုပ်

၀ါရှင်တန်၊ ဧပြီ ၂၄ ။            ။ အမေရိကန်နိုင်ငံက ဂျွန်ဟော့ကင်းတက္ကသိုလ် JHU မှ ဆရာဝန်များသည် ကမ္ဘာ့ပထမဆုံးအဖြစ် အမျိုးသားလိင်အင်္ဂါတစ်ခုလုံးဖြစ်သော လိင်တံနှင့် ကပ်ပယ်အိတ်တို့ အစားထိုးခွဲစိတ်မှုကို ပြုလုပ်နိုင်ခဲ့ကြသည်။

အာဖဂန်နစ္စတန်စစ်ပွဲတွင် ဒဏ်ရာရခဲ့သော စစ်သားတစ်ဦးအား မတ် ၂၆ ရက်က ပလတ်စတစ်ဆာဂျင် ခွဲစိတ်ဆရာဝန် ကိုးဦးနှင့် လိင်အင်္ဂါပိုင်းဆိုင်ရာ အထူးကုခွဲစိတ်ဆရာဝန် နှစ်ဦးပါ အဖွဲ့ဖြင့် ၁၄ နာရီကြာ ခွဲစိတ်အစားထိုးခဲ့ခြင်းဖြစ်ကြောင်း JHU က ထုတ်ပြန်သည်။

“ခုအစားထိုးခွဲစိတ်မှုဟာ ဒီစစ်သားလူငယ်အတွက် ပုံမှန်နီးပါး ဆီးသွားနိုင်မှုနဲ့ လိင်ဆက်ဆံမှုတွေကိုလည်း ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။”ဟု ပါမောက္ခ အင်ဒရူးလီက ပြောသည်။

လိင်တံတစ်ခုလုံးနှင့် ဝှေးစေ့များ မပါသော ကပ်ပယ်အိတ်တို့ကို သေဆုံးသူ အလှုရှင်တစ်ဦးထံမှ ရရှိခြင်းဖြစ်သည်။

ယခု ခွဲစိတ်အစားထိုးခံရသူက မေတ္တာရပ်ခံထား၍ မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြသော်လည်း လာမည့်သီတင်းပတ်တွင် ဆေးရုံမှ ဆင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ခုလို လိင်အင်္ဂါ အစားထိုးခံရတာဟာ လွယ်လွယ်ကူကူ လက်ခံနိုင်ခဲ့တာတော့ မဟုတ်ပါ။ ကျွန်တော် ဦးဆုံး နိုးလာချိန်မှာ ပုံမှန်ဘဝ ပြန်ရောက်သလိုတော့ ခံစားရပါတယ်။”ဟု အဆိုပါ အစားထိုးခံ စစ်သားဖြစ်သူက ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly