ဆန္ဒပြမှုများကြောင့် အာမေနီးယား ၀န်ကြီးချုပ် နုတ်ထွက်လိုက်ရရာ နိုင်ငံတစ်ဝန်း အောင်ပွဲများ ကျင်းပ

ဆန္ဒပြမှုများကြောင့် အာမေနီးယား ၀န်ကြီးချုပ် နုတ်ထွက်လိုက်ရရာ နိုင်ငံတစ်ဝန်း အောင်ပွဲများ ကျင်းပ

ယီရီဗန်၊ ဧပြီ ၂၄ ။             ။ အာမေနီးယားနိုင်ငံ၏ ၀ါရင့်ခေါင်းဆောင် ဆတ်ဆာကီရှန်းသည် ၀န်ကြီးချုပ်အဖြစ် ရွေးကောက်ခံရခြင်းကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် နုတ်ထွက်ကြောင်းကို ဧပြီ ၂ ရက်တွင် ကြေညာခဲ့သည်။

ဆာကီရှန်းက အာဏာကို အသုံးချကာ ၀န်ကြီးချုပ်အဖြစ်  ရွေးကောက်ခံခြင်းကို ဆန္ဒပြကြခြင်း ဖြစ်ပြီး ယခုကဲ့သို့ နုတ်ထွက်လိုက်ပြီးနောက် ဆင်းရဲသည့် နိုင်ငံတစ်ဝန်း အောင်ပွဲများ ကျင်းပကြသည်။

သမ္မတအဖြစ် ဆယ်စုနှစ်ချီ တာဝန်ထမ်းပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင် ဆာကီရှန်းကို လွှတ်တော်အမတ်များက  ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ရွေးကောက်ကြခြင်း ဖြစ်သည်။ ထိုအတွက် ရုရှ၏ မဟာမိတ်ဖြစ်ပြီး လူဦးရေ ၂ ဒဿမ ၉ သန်းရှိ နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်များ ဖြစ်ပွားပေါ်ပေါက်လာခဲ့သည်။

ထိုသို့ ၀န်ကြီးချုပ်အဖြစ် အရွေးချယ်ခံခြင်းသည် အစိုးရ၏ လွှတ်တော်စနစ်သစ်အရ အာဏာကို ရေရှည်ချုပ်ကိုင်ထားနိုင်ရေး လုပ်ဆောင်ခြင်းပဲ ဖြစ်ကြောင်း အတိုက်အခံများက ဆိုကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း မြို့တော် ယီရီဗန်က လမ်းများတွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက ကန့်ကွက်ဆန့်ကျင်ကြသည်။

အသက် ၆၃ နှစ်ရှိ ဆာကီရှန်းသည် အစောပိုင်းက ရာထူးမှ ဆင်းပေးရေး ငြင်းဆန်နေခဲ့သော်လည်း ဧပြီ ၂၃ ရက်တွင် အံ့အားသင့်ဖွယ် လုပ်ဆောင်ချက်အဖြစ် ၎င်းအနေဖြင့် မှားသွားခဲ့ကြောင်း၊ ရာထူးမှ နုတ်ထွက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required