စပိန်တွင် ကလေးနို့မှုန့်တု ထုတ်လုပ်သော စက်ရုံအား ရဲ ဖြိုခွင်း

စပိန်တွင် ကလေးနို့မှုန့်တု ထုတ်လုပ်သော စက်ရုံအား ရဲ ဖြိုခွင်း

မက်ဒရစ်၊ ဧပြီ ၂၃ ။          ။ စပိန်နို်င်ငံ အရှေ့မြောက်ပိုင်း ဂီရိုနာမြို့တွင် တရုတ်သို့ ပို့ရန်ဖြစ်သည့် ကလေးနို့မှုန့်တုများ ထုတ်လုပ်သော စက်ရုံတစ်ရုံကို ရဲက ဖျက်သိမ်းပြီး လူလေးဦးကို ဖမ်းဆီးရကြောင်း ဧပြီ ၂၁ ရက်က ပြောသည်။

ထိုလေးဦးတွင် သုံးဦးမှာ ပိုလန်နို်င်ငံသားများဖြစ်သည်ဟု သိရပြီး ထုတ်ပိုးပြီး ကလေးနို့မှုန့် ရှစ်တန်ကိုလည်း တစ်ပါတည်း ဖမ်းဆီးရမိကြောင်း ရဲက ပြောသည်။

အဆိုပါ ကလေးနို့မှုန့်အတုများကို တင်ပို့မည့်နို်င်ငံကို လိုက်၍ တံဆိပ်မျိုးစုံ ကပ်ထားကြောင်းလည်း သိရသည်။

အဆိုပါ စက်ရုံ၏ အဓိကစျေးကွက်မှာ တရုတ်နိုင်ငံဖြစ်ကြောင်း ရဲက ဆိုသည်။

အဆိုပါ နို့မှုန့်များသည် ထိခိုက်မှု မရှိသော်လည်း ကလေးငယ်များအတွက် လိုအပ်သော အာဟာရဓာတ် မပါဝင်ကြောင်း၊ အစားအစာကျန်းမာရေးနှင့် ဘေးကင်းလုံခြံုမှု စံတို့နှင့် ပြည့်မီခြင်း မရှိကြောင်း ရဲက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly