ငွေကြေး အခက်အခဲကြောင့် ဟင်္သာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းရွှေ့ဆိုင်း

ငွေကြေး အခက်အခဲကြောင့် ဟင်္သာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းရွှေ့ဆိုင်း

သြဂုတ် ၂၉ ရက် ။          ။ မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေဆိပ် စီမံကိန်းကို မတည်ငွေ အကျပ်အတည်း ကြောင့် တည်ဆောက်ရေး စီမံကိန်း ပြီးစီးမှုအားနောက် ၄ နှစ် သို့ ရွှေ့ဆိုင်းလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

ပြည်တွင်းလေကြောင်းဌာန၏ ရန်ကုန်မြို့ သြဂုတ် ၂၇ သတင်းစာရှင်းပွဲ၌ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်က ရင်းနှီးမြှုတ်နှံမည့်သူများအနေဖြင့် လေဆိပ်မှာသုံးရန် ODA ချေးငွေ ကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ရဖို့လိုအပ်နေသည်ဟု ပြောသည်။ ယခင်က ၂၀၁၈ တွင်အပြီးတည်ဆောက်ရန် ရည်မှန်းထားသော်လည်း ယခုအခါ ၂၀၂၂ သို့ ရွှေ့လိုက်သည်။

တစ်နှစ်လျင် ခရီးသွား ၁၂ သန်းခန့်ရှိနိုင်မည့် ဟံသာဝတီလေဆိပ်စီမံကိန်းသည် ရန်ကုန်မြို့၏ အရှေ့မြောက် ၄၈ မိုင်ခန့်အကွာ ပဲခူးတိုင်းအတွင်းတည်ရှိသည်။

ဟံသာဝတီလေဆိပ်သစ်စီမံကိန်းနောက်ဆုတ်သွားသော်လည်း ရန်ကုန်လေဆိပ်အား ခရီးသွားများပိုမိုအသုံးပြုနိုင်ရန် အဆင့်မြှင့်မွမ်းမံနေသည်ဟု ဦးမြင့်လွင်ကပြောသည်။

စစ်တပ်အုပ်ချုပ်မှုအောက်မှ အရပ်သားတစ်ဖြစ်လဲအစိုးရလက်ထက် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာပြီး ၂၀၁၂ ခုနှစ်တွင် အဆိုပါစီမံကိန်းအား စတင်ရန် စီစဉ်လာခဲ့ခြင်းဖြစ် သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က တည်ဆောက်ခဲ့သည့် လေဆိပ်ဟောင်းနေရာအပါအဝင် မြေဧက ၉၀၀၀ ကျော်၌ ဟံသာဝတီလေဆိပ်ကို တည်ဆောက်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံမှ Yongnam and Changi Airport Planners and Engineering (CAPE) နှင့် ဂျပန်မှ JGC Corporation တို့က လေလံအောင်ထားသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် မြှင့်တက်လာနေပြီး ၂၀၁၂ ခုတွင် ၁ ဒဿမ ၆ သန်း၊ ၂၀၁၃ ခုနှစ်က ၂ ဒသမ ၀၄ သန်း၊ ၂၀၁၄ ခုတွင် ၄ ဒဿမ ၄ သန်းဖြစ်သည်။ ၂၀၁၇ ခုတွင် ၆ သန်းကျော်မည်ဟု မျှော်မှန်းကြောင်း The Global New Light of Myanmar သတင်းစာက ဖော်ပြသည်။

ရင်းနှီးမြှုတ်နှံသူ ကုမ္ပဏီစုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျမည့် ဟံသာဝတီလေဆိပ်တည်ဆောက်ရေး အတွက် ကုန်ကျစရိတ်၏ ၄၉ ရာခိုင်နှုန်းကို ODA ချေးငွေအာမခံမှ ရယူပြီး ကျန်လိုအပ်ငွေကို ပုဂ္ဂလိကချေးငွေနှင့် ကုမ္ပဏီစုတို့က စိုက်ထုတ်တည်ဆောက်ရန် သဘောတူညီမှု ရရှိထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ပြီးလျင် ဟံသာဝတီလေဆိပ်သည် စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်လာမည်။

မဇ္ဈိမ ပရိတ်သတ်များအား အသိပေးခြင်းမဇ္ဈိမမီဒီယာ (Mizzima - News in Burmese) ၏ တရားဝင်ဖေ့စ်ဘုတ် စာမျက်နှာသည် ယခုစာမျက်နှာ တ...

Posted by Mizzima - News in Burmese on Friday, August 28, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly