အပူလျှပ်ခြင်း ဖြစ်ပေါ်နိုင်သည့်အတွက် မန္တလေးဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်

အပူလျှပ်ခြင်း ဖြစ်ပေါ်နိုင်သည့်အတွက် မန္တလေးဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်

 

မန္တလေး၊ ဧပြီ ၂၃ ။                  ။ မန္တလေးအထွေထွေကုဆေးရုံကြီးတွင် Heat Stroke အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဟု မန္တလေး ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းလွင်ကပြောသည်။

အပူကြောင့်ဖြစ်နိုင်သည့် Heat Stroke ကြောင့် ရောက်ရှိလာနိုင်သော လူနာများအား အချိန်မှီ ကုသမှုများ ပေးနိုင်ရန်အတွက် မန္တလေးအထွေထွေကုဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။

"သင်္ကြန်မတိုင်မီကတည်းက ဆွေးနွေးခဲ့ပါတယ်။ Heat Stoke (အပူကြောင့်လျှပ်ခြင်း)နဲ့ပတ်သက်တာက ဖျားနာဆောင်တွေ တက်ရတာပေါ့နော်။ အဖွဲ့ ဖွဲ့တာတွေလုပ်တယ်။   ဆေးသိုလှောင်ရေးဌာနက ဆေးဝါးတွေ ဖြည့်သွင်းထားတယ်။ အခန်းတွေမှာ လေဝင်လေထွက်ကောင်းအောင် အဲယားကွန်းတွေ ပန်ကာတွေပြင်ထားတယ်။ကုသရေးအတွက် တဘက်တွေနဲ့ ရေပုန်း၊ရေခွက်တွေဝယ်ထားတယ်။ရေခဲထားဖို့ ရေခဲပုံးတွေ အဆင့်သင့်ပဲ။"ဟု ဦးမင်းလွင်က ပြောသည်။

အပူလျှပ်​ခြင်​းသည်​ နေပူထဲမှ အအေးထဲကိုရုတ်ချည်းဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊ အအေးခန်းတွင်းမှနေ ရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကို ထွက်ခြင်း စတာ​တွေကြောင့် လူ့ခန္ဓာကိုယ်တွင်​ အပူအအေးရုတ်တရက် ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်ပြီး အပူလျှပ်​ခြင်​း ဖြစ်​ပေါ်တတ်သည်​။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ)မှညွန်ကြားရေးမှူး ဦးကျော်လွင်ဦး ကလည်း  အပူချိန်မြင့်တက်မှုကြောင့် မိုးတိမ်တောင်များ ဖြစ်နိုင်ကြောင်း သတိပေးထားသည်။

"မေလဟာ နေလမ်းကြောင်းတည့်မတ်ချိန််ဖြစ်တဲ့အတွက် ဒေသအပူချိန််မှာ ပုံမှန်နေ့အပူချိန်များထက် ပိုမည်ဖြစ််ပြီး မိုးတိမ်တောင်များဖြစ်ပွားခြင်းကြောင့် မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်း၊လေပြင်းတိုက်ခြင်းတွေ ဖြစ်ပေါ်နိုင်ပြီး အပူချိန်မြင့်တက်မှုတွေလည်း ကြံုတွေ့နိုင်တာကြောင့် ပြင်ဆင်မှုတွေ ဆောင်ရွက် ထားသင့်ပါတယ်။"ဟု ပြောသည်။

ဧပြီလဒုတိယပတ်မှစတင်၍ နေ့အပူချိန်များမြင့်တက််လျှက်ရှိပြီး လာမည့်မေလတွင်လည်း အပူချိန် မြင့်တက်သည့် ကာလဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly