မြန်မာ- ထိုင်း ချစ်ကြည်ရေးအဖြစ် သံဃာတော် ၅၂၀ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မြိတ်တွင် ကျင်းပ

မြန်မာ- ထိုင်း ချစ်ကြည်ရေးအဖြစ် သံဃာတော် ၅၂၀ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မြိတ်တွင် ကျင်းပ

 

မြိ်တ် ဧပြီ ၂၃ ။                 ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မဟာသိဒ္ဓိဇယစေတီတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာ ကူးလူးဆက်ဆံမှု၊ အပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် မြိတ်မြို့ရှိ ပြည်သူများ  ကုသိုလ်ကောင်းမှုများ ရရှိစေခြင်းငှာ ရည်ရွယ်၍ မြန်မာ- ထိုင်း ချစ်ကြည်ရေး သံဃာတော် (၅၂၀) ပါး ဒုတိယအကြိမ် ဆွမ်းဆန်စိမ်း   လောင်းလှူပွဲကို ဧပြီလ ၂၂ ရက် ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ- ထိုင်း ချစ်ကြည်ရေး ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်နှင့် သြဝါဒစရိယ ဆရာတော်များ၊ မြန်မာ- ထိုင်း သံဃာတော် အရှင်သူမြတ်များအား ပြည်သူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ နှင့် မိသားစုဝင်များ၊ ဘာသာရေးအသင်း အဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များက ဆွမ်းဆန်စိမ်းများကို စေတနာ ထက်သန်စွာဖြင့် လောင်းလှူခဲ့ကြကြောင်း သိရ သည်။

ဆက်လက်၍ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇောဘာသ တောကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရားနာ ကြားကြကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြ၍ အခမ်းအနားကို ဗုဒ္ဓသာသနာစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

အခမ်းအနား အပြီးတွင် ဒုတိယအကြိမ် မြန်မာ- ထိုင်း ချစ်ကြည်ရေးအဖြစ် သံဃာတော် (၅၂၀) ပါးအား ဆွမ်းဆန်စိမ်း များကို ပြည်သူများက စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် လောင်းလှူခဲ့ကြသည်။

ယခုနှစ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် သံဃာတော် အပါးရေ ပြီးခဲ့သည့် နှစ်ကထက် တိုးသော်လည်း ဆွမ်းဆန်စိမ်း လာရောက် လောင်းလှူသူတွေ နည်းကြောင်းလည်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required