အဖွဲ့ဝင်လူသစ် စုဆောင်းရန် အိုင်အက်စ်တို့က တက္ကသိုလ်များမှ ရှာဖွေနေ

အဖွဲ့ဝင်လူသစ် စုဆောင်းရန် အိုင်အက်စ်တို့က တက္ကသိုလ်များမှ ရှာဖွေနေ

အိုင်အက်စ်တို့က အဖွဲ့ဝင်လူသစ်များကို တက္ကသိုလ်များမှ စည်းရုံးစုဆောင်း လျက်ရှိနေ၍ သံသယဖြစ်ဖွယ် အချိတ်အဆက်များကို ဂါနာအာဏာပိုင်များက တက္ကသိုလ်များတွင် စုံစမ်းထောက်လှမ်းရေးများ လုပ်ဆောင်နေရကြောင်း တာဝန်ရှိသူများက ပြောသည်။

အိုင်အက်စ်တို့က တက္ကသိုလ်ကျောင်းသားများအား ဘာသာရေးအွန်လိုင်းဖိုရမ်များသို့ လာရောက်ရန် စည်းရုံးပြီးနောက် နောက်ပိုင်းတွင် အဖွဲ့ဝင်ရန် ဆွယ်ယူစုစည်းနေခြင်းဖြစ်ကြောင်း အမျိုးသားလုံခြုံရေး ညှိနှိုင်းရေးမှူး ယောဒွန်ကောက နိုင်ငံပိုင်သတင်းဌာနသို့ပြောသည်။

ပထမဆုံးထုတ်ပြန်ခြင်းအဖြစ် ဂါနာနိုင်ငံသားနှစ်ဦးသည် အိုင်အက်စ်တို့နှင့် ပူးပေါင်းရန် ထွက်ခွားသွားကြကြောင်း ဒွန်ကောက ပြောသည်။

ဂါနာနိုင်ငံသည် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့၏ စစ်သွေးကြွလုပ်ရပ်များဒဏ် သိပ်မကြုံတွေ့ရသေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

"သိပ်ကြောက်လန့်စရာမလိုပါကြောင်း" ဒွန်ကောက ပြောပြီး အစ္စလာမ်မစ်အစွန်းရောက် အိုင်အက်စ်တို့နှင့် သွားရောက်ပူးပေါင်းရန် ထွက်သွားကြသူ ဂါနာနိုင်ငံသားများမှာ အနည်းအကျဉ်းလေးမျှ သာရှိကြောင်း ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly