အာဖဂန်နစ္စတန်ရှိ မဲပေးသူမှတ်ပုံတင်စင်တာ၌ ဗုံးပေါက်ကွဲ၍ လူ ၁၀ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်ရှိ မဲပေးသူမှတ်ပုံတင်စင်တာ၌ ဗုံးပေါက်ကွဲ၍ လူ ၁၀ဦးထက်မနည်း သေဆုံး

ကာဘူးလ်၊ ဧပြီ ၂၂ ။             ။ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့အနောက်ပိုင်းရှိ မဲပေးသူများမှတ်ပုံတင်ရာစင်တာ၌ တနင်္ဂနွေနေ့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးထက်မနည်းသေဆုံးကာ ၅၆ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ ဟတ်ရှ်မတ်တူလာစတာနီကာဇိုင်းက ထိခိုက်သေဆုံးသူအများစုမှာ အရပ်သားများဖြစ် ကြောင်း ပြောခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ၀ါဟီဒူလာမတ်ဂျ်ရို့က အလောင်း ရလောင်းနှင့် သေဆုံးသူ ၅၆ဦး ကို ကာဘူးလ်မြို့အနှံ့ရှိ ဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် မနက် ၁၀နာရီဝန်းကျင်ခန့်တွင် ကာဘူးလ်မြို့ရှိ ကွာလာအီနာဇာအရပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေခံဗုံးခွဲသမားသည် မှတ်ပုံတင်ရန်တန်းစီနေကြသော အရပ်သားများကြားထဲ၌ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ မဲပေးသူများမှတ်ပုံတင်စင်တာသည် အိုင်အက်စ်အကြမ်းဖက်အဖွဲ့တို့ မကြာခဏ အကြမ်းဖက် တိုက်ခိုက်မှုကျူးလွန်ရာ ဒေသအတွင်း၌ တည်ရှိသည်။

တာလီဘန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဇာဘူလာမူဂျာဟစ်က ၄င်းတို့သည် ယင်းတိုက်ခိုက်မှုတွင် ပါ၀င်ပက် သက်ခြင်းမရှိကြောင်း တွစ်တာမှတဆင့် ငြင်းဆန်ခဲ့သည်။

ပါလီမန်ရွေးကောက်ပွဲအတွက် မဲပေးလိုသူများ မှတ်ပုံတင်သည့်လုပ်ငန်းစဉ်ကို အာဖဂန်နစ္စတန်၌ ပြီးခဲ့သော အပတ်ကစတင်၍ ကာဘူးလ်မြို့၌ ပြုလုပ်နေခြင်းဖြစ်ပြီး လာမည့်အပတ်များအထိ ဆက်လက်လုပ်ဆောင်သွား ဖို့ရှိကြောင်း သိရသည်။

ကာဘူးလ်မြို့သည် ယခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာကို ကြံုတွေ့နေရပြီး ပြီးခဲ့သော ဇန်နဝါရီလကလည်း တာလီဘန်များက လူနာတင်ယာဉ်အတွင်း ဗုံးထည့်၍ ကာဘူးလ်မြို့လယ်ခေါင်၌ ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၁၀၀ ကျော်ခန့် သေဆုံးခဲ့ရဖူးသည်။

ထိုအချိန်မှစတင်၍ ကာဘူးလ်အာဏာပိုင်များသည် မြို့လုံခြံုရေးအစီအစဉ်များကို ပြန်လည်ဆန်းစစ်ခဲ့ပြီး ကြီးမားသောတိုက်ခိုက်မှုကြီးများကို ကာကွယ်ရန်အတွက် အင်အားအပြည့် တာဝန်ယူဆောင်ရွက်လျက်ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required