ကမ္ဘာ့စာအုပ်နေ့ပွဲတော်အတွင်း ယဉ်ကျေးမှုချင်း ဆက်နွှယ်မှုများကို စပိန်နှင့် ဖိလစ်ပိုင် ဖော်ထုတ်

ကမ္ဘာ့စာအုပ်နေ့ပွဲတော်အတွင်း ယဉ်ကျေးမှုချင်း ဆက်နွှယ်မှုများကို စပိန်နှင့် ဖိလစ်ပိုင် ဖော်ထုတ်

မနီလာ၊ ဧပြီ ၂၁ ။         ။ ဖိလစ်ပိုင်နို်င်ငံတွင် ကျင်းပသော ကမ္ဘာ့စာအုပ်ပွဲတော်အခါသမယသို့ စပိန်စာရေးဆရာများနှင့် အနုပညာရှင် ဧပြီ ၂၁ ရက်တွင် လာရောက်ကြသည်။

နှစ်နို်င်ငံပူးတွဲကာ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ယင်းပွဲတော်သည် သုံးရာစုကျော်ကပင် ဖြစ်တည်ခဲ့သော ယဉ်ကျေးမှုချင်း ဆက်နွှယ်မှုများကို ဖော်ထုတ်ခြင်းလည်း ဖြစ်သည်။

တက်ကြွလှုပ်ရှားသူများနှင့် စာပေပညာရှင်များ ပါဝင်သော ပွဲများတွင် လက်ရှိအထိ အကြီးဆုံးဖြစ်သော ၁၂ ကြိမ်မြောက် ကမ္ဘာ့စာအုပ်ပွဲတော်ကို မြို့တော်မနီလာရှိ အကြီးဆုံးပန်းခြံများမှ တစ်ခုဖြစ်သည့် အေယာလာတြိဂံပန်းခြံတွင် ကျင်းပရာ လာရောက်သူ ရာပေါင်းများစွာ ရှိသည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ စပိန်ဘာသာနဲ့ စာအုပ်စာပေတွေ ပိုမိုဖတ်ရှုလာအောင်ရယ်၊ စာအုပ်ယဉ်ကျေးမှု ထွန်းကားရေးရယ်အတွက်ပဲဖြစ်ပါတယ်။”ဟု ပွဲတော်အား ပူးတွဲကျင်းပသည့် Cervantes Institute ၏ ညွှန်ကြားရေးမှူး ကားလို့စ်မက်ဒရစ်က အီးပီအေသို့ ပြောသည်။

ကမ္ဘာ့စာအုပ်ပွဲတော်နေ့ကို ယင်းအဖွဲ့အစည်းက စပိန်သံရုံးနှင့် အခြားသော အဖွဲ့အစည်းများနှင့် ပူးတွဲကာ ကမကထပြု ကျင်းပခြင်း ဖြစ်သည်။

စပိန်၏ လက်အောက်ခံအဖြစ်မှ လွတ်မြောက်ပြီး ရာစုနှစ်အကျော် လက်ရှိအချိန်တွင် ဖိလစ်ပိုင်တွင် စပိန်ဘာသာစကား သင်ယူမှု စိတ်ဝင်စားသူ ဦးရေများပြားလာနေ့သည့် ယနေ့ကာလတွင် အဆိုပါ ပွဲတော်အား ကျင်းပခြင်းလည်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required