ဟောင်ကောင်မှာ ကျင်းပတဲ့ ခွေးတို့ရဲ့ တာတိုပြေးပွဲ

ဟောင်ကောင်မှာ ကျင်းပတဲ့ ခွေးတို့ရဲ့ တာတိုပြေးပွဲ

 

ဧပြီ ၂၁ ။                 ။ တစ်နှစ်တစ်ကြိမ် ကျင်းပနေကျဖြစ်တဲ့ ခွေး တာတိုပြေးပွဲ တစ်ခုကို ဟောင်ကောင်မှာ အစဉ်အလာမပြတ် ကျင်းပခဲ့ရာမှာတော့ ဒါဇင်နဲ့ချီတဲ့ ချစ်စဖွယ် ခွေးငယ်လေးတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဆိုပါ ခွေး တာတိုပြေးပွဲ ကျင်းပရခြင်းရဲ့အကြောင်းရင်းကတော့ ဟောင်ကောင်ဒေသ လမ်းတွေပေါ်မှာ စွန့်ပစ်ခံထားရတဲ့ ခွေးတွေ၊ ကယ်တင်စောင့်ရှောက်ထားရတဲ့ ခွေးတွေအတွက် ရန်ပုံငွေ ရှာတဲ့အနေနဲ့ ကျင်းပတာဖြစ်ပါတယ်။

ယင်းဒေသက ခွေးချစ်သူတွေဟာ Sheung Wan အရပ် ဆိတ်ငြိမ်ပြီး အရိပ်ရတဲ့ နေရာတစ်ခုမှာ အဆိုပါ ပွဲကို ကျင်းပကြပါတယ်။ အလားတူ ပြိုင်ပွဲဝင် ခွေးလေးတွေရဲ့ ချစ်စဖွယ် အပြုအမူ အမူအရာလေးတွေကို ဖုန်းတွေနဲ့ မှတ်တမ်းတင် ရိုက်ယူကြပါတယ်။

တစ်ချို့ ခွေးတွေအတွက်ကတော့ ယင်းပြိုင်ပွဲဟာ အနည်းငယ် အာရုံရှုပ်ထွေးစေပုံ ရခဲ့ပေမယ့် ကျန်ခွေးငယ်တစ်ချို့ကျပြန်တော့လည်း သတ်မှတ် ပြေးလမ်းကြောင်းအတိုင်း ပျော်ရွှင်စွာနဲ့ ပြေးလွှားခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။

" ဟောင်ကောင်မှာက နှစ်စဉ်နှစ်တိုင်း ဆိုသလို ခွေးကောင်ရေ အမြောက်အမြား စွန့်ပစ်ခံနေရတယ်လေ၊ ဒီလိုမျိုး သနားစရာကောင်း တဲ့ ခွေးလေးတွေဟာလည်း လူတွေလိုပဲ ခံစားချက်ရှိတဲ့ သက်ရှိတွေ ဖြစ်တယ်ဆိုတာကို ပြည်သူတွေကို အသိပညာပေးချင်တဲ့အနေနဲ့ ဒီ ပွဲကို စီစဉ်ရခြင်း ဖြစ်ပါတယ်" လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် မာရီလင်း ဟိုက ပြောသွားပါတယ်။

ယင်းပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ခွေးလေးတွေရဲ့ အသွင်အပြင်၊ အမြန်နှုန်း၊ အဝတ်အစားအဆင်အပြင် စတာတွေနဲ့ အကဲဖြတ်ဆုံးဖြတ်တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags