အာစင်ဝင်းဂါးနေရာကို အစားထိုးရခက်နေတဲ့ အာဆင်နယ်

အာစင်ဝင်းဂါးနေရာကို အစားထိုးရခက်နေတဲ့ အာဆင်နယ်
 

 

အာစင်ဝင်ဂါးနေရာအစားထိုးဖို့ဆိုတာ အဖြစ်နိုင်တဲ့အလုပ်တစ်ခုဖြစ်တယ်လို့ အာဆင်နယ်အသင်းအမှုဆောင်ချုပ် အိုင်ဗန် ဂါဇီဒစ် က ပြောပါတယ်။

အသင်းကနေထွက်ခွာတော့မယ့် အာစင်ဝင်းဂါးနေရာကို အစားထိုးဖို့ သင့်တော်မယ့်သူကို ရှာရတာဟာ မဖြစ်နိုင်တဲ့ အလုပ်တစ်ခုလို့ ဂါဇီဒစ်က ယုံကြည်နေတာပါ။

အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာကိုင်တွယ်ခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် အာစင်ဝင်းဂါးဟာ ရာသီကုန်မှာ အသင်းကနေ ထွက်တော့မယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ အက်ဖ်အေဖလား ရ ကြိမ်ရထားပေမယ့် အသင်းကို ပြီးခဲ့တဲ့ဆယ်စုနှစ်က ပုံစံမျိုးပြန်ရအောင် မလုပ်ပေးနိုင်လို့ ပရိသတ်တွေက အာစင်ဝင်းဂါးအပေါ် စိတ်ပျက်နေကြပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားမရတာ ၁၄ နှစ်ရှိနေပြီဖြစ်ပြီး ဒီရာသီမှာ ယူရိုပါလိဂ်ဖလားမရရင် ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ နှစ်နှစ်ဆက်တိုက် လွဲချော်မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ကမ္ဘာ့အချမ်းသာဆုံးအသင်းစာရင်းမှာတော့ နံပါတ် ၆ နေရာမှာ ရပ်တည်နေတုန်းပါပဲ။

အာဆင်နယ်နည်းပြသစ်ဖြစ်လာနိုင်သူတွေအဖြစ် အသင်းခေါင်းဆောင်ဟောင်း ဗီအဲရာ၊ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာ၊ ဂျာမနီနည်းပြ ဂျိုအာချင်လိုးနဲ့ ဘာစီလိုနာနည်းပြဟောင်း လူးဝစ် အန်းနရစ်တို့ ရေပန်းစားနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required