အာဖရိကတိုက်ရှိ ဆွာဇီလန်နိုင်ငံ အမည်ပြောင်းလဲပြီ

အာဖရိကတိုက်ရှိ ဆွာဇီလန်နိုင်ငံ အမည်ပြောင်းလဲပြီ

 

ဧပြီ ၂၁ ။              ။ အာဖရိကတိုက်က နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်သည့် ဆွာဇီလန်နိုင်ငံကတော့ ယခုအခါ နာမည်ပြောင်းလဲလိုက်ပြီဖြစ်သည်။

နိုင်ငံ၏ အမည်ကို "ဆွာဇီလန်" အစား လက်ရှိအချိန်မှစ၍ "အီဆွာတီနီ" ဘုရင့်နိုင်ငံအဖြစ် ပြောင်းလဲသတ်မှတ်ခေါ်ဆိုရမည်ဖြစ်ကြောင်း ယင်းနိုင်ငံ၏ ဘုရင် တတိယမြောက် အမ်ဆွာတီက ထုတ်ပြန်ကြေညာသွားသည်။

ယင်းနိုင်ငံ၏ ဘုရင် တတိယမြောက် အမ်ဆွာတီက အဆိုပါ နိုင်ငံအမည် ပြောင်းလဲမှုကို ဧပြီ ၁၉ ရက်က ပြုလုပ်သည့် နိုင်ငံ၏ လွတ်လပ်ရေး နှစ် ၅၀ ပြည့် အခမ်းအနားတွင် ထုတ်ဖော်ကြေညာသွားခြင်း ဖြစ်သည်။

အလားတူ ယင်းနေ့သည် ၎င်း၏ နှစ် ၅၀ ပြည့်မွေးနေ့နှင့်လည်း တိုက်ဆိုင်နေလျက်ရှိသည်။

ဘုရင်၏ အဆိုပါ နိုင်ငံအမည်ပြောင်းလဲမှု ကြေညာချက်ကြောင့်  ပြည်သူအများ အံ့အားသင့်ခဲ့ကြသည်။

အဆိုပါ နိုင်ငံသည် ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင် နိုင်ငံဖြစ်သကဲ့သို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required