နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ရပ်နားကြောင်း မြောက်ကိုရီးယား ကြေညာ

နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ရပ်နားကြောင်း မြောက်ကိုရီးယား ကြေညာ

 

ပြံုယမ်း၊ ဧပြီ ၂၁ ။            ။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားစမ်းသပ်မှုနှင့် တိုက်ချင်းပစ်ဒုံးကျည်များ ပစ်လွှတ်ခြင်းများကို ရပ်နားမည်ဖြစ်ကြောင်း ခေါင်းဆောင် ကင်ဂျုံးအွန်က ပြောသည်။

ထိပ်သီးတွေ့ဆုံမှု မတိုင်မီ ယခုကဲ့သို့ မြောက်ကိုရီးယားဖက်က ကြေညာလာခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြိုဆိုခဲ့သည်။

အမေရိကန်၏ ရေရှည်ကြိုးပမ်းနေသော ရလဒ်ဖြစ်သည့် ယခုကဲ့သို့ မြောက်ကိုရီးယားဖက်က ကြေညာလာခြင်းသည် ကိုရီးယားကျွန်းဆွယ်အနှံ့ သံတမန်ရေး ကောင်းမွန်မှုဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ရပ်ပဲ ဖြစ်သည်။

ယခု ကြေညာချက်သည် မြောက်ကိုရီးယားခေါင်းဆောင်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ စစ်မဲ့ဇုန်တွင် ထိပ်သီးတွေ့ဆုံကြရန် သီတင်းတစ်ပတ်ပင် မလိုတော့သည့် အချိန်တွင် ထွက်ပေါ်လာခြင်းပဲ ဖြစ်သ်။

ကြီးကြီးမားမား အောင်မြင်မှု ရသည်ဟု ဆိုသော နျူကလီးယားလက်နက်နှင့် ဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်ပြီး လက်ရှိတွင် မြောက်ကိုရီးယားအနေဖြင့် လုပ်ဆောင်တော့မည် မဟုတ်ကြောင်း ပြောခြင်းဖြစ်သည်။

“မြောက်ပိုင်းနျူကလီးယားစမ်းသပ်နယ်မြေက လုပ်ဆောင်မှုတွေကို ရပ်နားပစ်မှာ ဖြစ်ပါတယ်။”ဟု ကင်ဂျုံးအွန်က အလုပ်သမားပါတီ ဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ကြေညာသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required