YBS ကတ်​စနစ်​​အတွက်​ ​ရွေးချယ်​ခံကုမ္ပဏီကို ပယ်​ဖျက်​ကြောင်း ကြေညာ

YBS ကတ်​စနစ်​​အတွက်​ ​ရွေးချယ်​ခံကုမ္ပဏီကို ပယ်​ဖျက်​ကြောင်း ကြေညာ

ရန်​ကုန်​အများပိုင်​ဘတ်​စ်​ကားစနစ်​ YBS တွင် ငွေ​ပေး​ချေရာတွင်​အသုံးပြုရန်​ ကတ်​စနစ်​တင်​ဒါ​အောင်​မြင်​ထားသည်​့ Excel KC Myanmar Co.,Ltd ကို ​ရွေးချယ်​ထားမှုအား တိုင်းအစိုးရက ဖျက်​သိမ်​းလိုက်​​သည်။ 

ဧပြီလ ၂၀ ရက် ရက်စွဲဖြင့် ဖျက်သိမ်းကြောင်းကို ရန်​ကုန််​တိုင်​း​ဒေသကြီး တင်​ဒါစိစစ်​​ကြီးကြပ်​​ရေအဖွဲ့မှ ဧပြီလ  ၂၁ရက်​​နေ့ နံနက် ​၁ နာရီတွင်​ ထုတ်​ပြန်​လိုက်ခြင်​းဖြစ်​သည်​။

ဖျက်သိမ်းရခြင်းအကြောင်းကို တင်​ဒါ​သွင်​းစဉ်​က သ​ဘောတူထားသည်​့အ​ခြေအ​နေများ လုပ်​ငန်​းစဉ်​များနှင့် ကိုက်​ညီမှုမရှိသည်​့အတွက်​ ဟု ဖော်ပြထားပြီး ကတ်​စနစ်​(YPS) လုပ်​ကိုင်​ရန်​ ပဏာမ​ရွေးချယ်​မှုမှ Excel KC Myanmar Co.,Ltd ကို ဖျက်​သိမ်​းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကတ်ဖြင့်ယာဉ်စီးခပေးချေမှုစနစ်(YPS)လုပ်ကိုင်မည့် ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇ ခုနှစ်၌ တင်ဒါခေါ်ယူခဲ့ပြီး  ​၂၀၁၇ ​ခုနှစ် အောက်တိုဘာလတွင် ကုမ္ပဏီ ၅၀ အား တင်ဒါပထမအဆင့်၊ ဒီဇင်ဘာလတွင် ကုမ္ပဏီ ရ ခုအား တင်ဒါဒုတိယအဆင့်နှင်​့ ဆန်ခါတင်စာရင်းတွင် ကုမ္ပဏီ ၃ ခုတို့အား ရွေးချယ်ခဲ့သည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့၌ Excel KC Myanmar ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တင်ဒါအောင်မြင်ကြောင်း ကြေညာခဲ့သည်​။

တင်ဒါစည်းကမ်းအရ ပဏာမ​​ရွေးချယ်​ခံကုမ္ပဏီသည်​ စည်းကမ်းချိုးဖောက်ခြင်း၊ ပျက်ပြယ်ခြင်းရှိပါက တင်ဒါ ဆန်ခါတင်စာရင်းတွင်ရှိနေသည့်ကုမ္ပဏီနှစ်​ခုမှ ထပ်​မံ​ရွေးချယ်​သွားမည်​ဟု ​ပါရှိသည်​။

ထို့​ကြောင်​့ ကျန်ဆန်ခါတင်ကုမ္ပဏီ နှစ်ခု ဖြစ်သော Anypay Payment Service ကုမ္ပဏီနှင့် Asiastarmar Transport Intelligent ကုမ္ပဏီတို့အနက်မှ တစ်​ခုကို ကတ်​စနစ်​(Yangon Payment Services -YPS)လုပ်​ကိုင်​ရန်​ ထပ်မံရွေးချယ်သွားရန်​ရှိ​နေသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required