ရာသီကုန်တွင် အာဆင်နယ်မှ အာစင်ဝင်းဂါးထွက်ခွာတော့မည်

ရာသီကုန်တွင် အာဆင်နယ်မှ အာစင်ဝင်းဂါးထွက်ခွာတော့မည်

ဧပြီ ၂၀၊ လန်ဒန်။         ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၂၂ နှစ်ကြာကိုင်တွယ်ခဲ့သောအသင်းကို ရာသီကုန်တွင်စွန့်ခွာတော့မည်ဖြစ်သည်။ ပြင်သစ်လူမျိုးနည်းပြအနေဖြင့် စာချုပ်ကုန်ရန် တစ်နှစ်အလိုတွင် ထွက်ခွာခြင်းလည်းဖြစ်သည်။

အာဆင်နယ်အသင်းမှာ လက်ရှိတွင် ပရီးမီးယားလိဂ် အဆင့် ၆ နေရာတွင်ရပ်တည်နေပြီး နှစ်နှစ်ဆက်တိုက်အဖြစ် ထိပ်သီး လေးသင်းအပြင်ဘက်သို့ ရောက်ရန်ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူရိုပါလိဂ်ဖလားရရှိရန်သာ မျှော်လင့်ရမည်ဖြစ်သည်။

အသက် ၆၈ နှစ်အရွယ် ဝင်းဂါးမှာ ဖလားနှစ်လုံးရသည့် ၁၉၉၈ နှင့် ၂၀၀၂ ရာသီများအပါအဝင် ပရီးမီးယားလိဂ်ဖလား ၃ လုံးနှင့် အက်ဖ်အေဖလား ရ လုံး ရရှိထားသည်။

“ဒီကလပ်မှာ အမှတ်ရစရာနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီအသင်းမှာ တာဝန်ယူမှု အပြည့်နဲ့ အလုပ်လုပ်ခဲ့ပါတယ်။

အသင်းရဲ့တန်ဖိုးကို ဂရုစိုက်ကြပါလို့ အာဆင်နယ်ချစ်သူအားလုံးကို ပြောလိုပါတယ်။ ကျွန်တော့်နေရာဆက်ခံမယ့်သူကို အမြန်ဆုံးရှာဖွေသွားမယ်လို့ အသင်းကပြောပါတယ်”ဟု အာစင်ဝင်းဂါးက ဆိုသည်။

အာဆင်နယ်အသင်း၏ ရှယ်ယာအများဆုံးပိုင်ဆိုင်သည့် စတန်ခရွန်ကီကလည်း အားကစားလောကတွင်နှစ်ပေါင်းများစွာအတွင်း အခက်ခဲဆုံးနေ့များထဲမှ တစ်နေ့ဖြစ်သည်ဟု သောကြာနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly