စစ်တပ် ပင်စင်လစာ လျှော့ချမယ့်ကိစ္စနဲ့ပတ်သက်လို့ ထိုင်ဝမ်ပါလီမန်မှာ လွှတ်တော်အမတ်တွေ ရန်ထသတ်

စစ်တပ် ပင်စင်လစာ လျှော့ချမယ့်ကိစ္စနဲ့ပတ်သက်လို့ ထိုင်ဝမ်ပါလီမန်မှာ လွှတ်တော်အမတ်တွေ ရန်ထသတ်

 

ဧပြီ ၂၀ ။               ။ စစ်တပ် စစ်မှုထမ်းဟောင်းတွေရဲ့ ပင်စင်လစာငွေတွေကို လျှော့ချဖြတ်တောက်မယ့် အဆိုပြုချက်တစ်ခုနဲ့ပတ်သက်လို့ ဧပြီလ ၂၀ ရက်က ကျင်းပတဲ့ ထိုင်ဝမ် ပါလီမန်အစည်းအဝေးမှာ ဥပဒေပြုအမတ်တွေ အချင်းချင်း ရန်ဖြစ်သတ်ပုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ယခုလ အစောပိုင်းတုန်းက ထိုင်ဝမ်အစိုးရအဖွဲ့က အဆိုပါ ပင်စင်ငွေ ဖြတ်တောက်ခြင်း ဥပဒေကြမ်းတစ်ခုကို ပါလီမန်မှာ ဆွေးနွေးဖို့ တင်ပြထားခဲ့ရာကနေ ယခုလွှတ်တော်ကျင်းပမှုအတွင်းမှာပဲ အမတ်တွေအချင်းချင်း ရန်ထဖြစ်ရတဲ့အထိ အခြေအတင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပင်စင်ငွေ လျှော့ချမယ့် ကိစ္စကိုလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက စစ်ဘက် စစ်ပြန်အငြိမ်းစားတွေဘက်က ကန့်ကွက်ဆန္ဒပြထားခဲ့ပြီး ဖြစ်ပါတယ်။

ဧပြီ ၂၀ ရက်လွှတ်တော်မှာတော့ အမတ်တွေအကြား အော်ဟစ် ဆူညံ တွန်းထိုးမှုတွေ နဲ့ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့ပြီး သမ္မတ ဆိုင်အင်ဝမ်အနေနဲ့ ယခုကိစ္စနဲ့ပတ်သက်လို့ စစ်မှုထမ်းဟောင်းတွေကို တောင်းပန်သင့်တယ်ဆိုပြီး အတိုက်အခံ အုပ်စုဘက်ကလည်း ကဒ်ပြားတွေ ထောင်ကာ တောင်းဆိုခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly