YouTube ဗီဒီယိုကြောင့် အိန္ဒိယအမျိုးသားတစ်ဦး နှစ် ၄၀ ကြာ ကွဲကွာနေသည့် မိသားစုနှင့် ပြန်လည်ဆုံဆည်း

YouTube ဗီဒီယိုကြောင့် အိန္ဒိယအမျိုးသားတစ်ဦး နှစ် ၄၀ ကြာ ကွဲကွာနေသည့် မိသားစုနှင့် ပြန်လည်ဆုံဆည်း

ဧပြီ ၂၀ ။             ။ YouTube ဗီဒီယိုတစ်ခုကြောင့် အိန္ဒိယအမျိုးသားတစ်ဦး လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်အကြာက ကွဲကွာနေခဲ့သည့် မိသားစုနှင့် ယခုအခါ ပြန်လည်ဆုံဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းအမျိုးသား နာမည်ကျော် ဟိန္ဒူရုပ်ရှင် တေးသီချင်းတစ်ပုဒ်ကို သီဆိုနေသည့် YouTube ဗီဒီယိုတစ်ခု ပြန့်နှံ့သွားခဲ့ရာကနေ ယခုကဲ့သို့ ၎င်းနှင့် နှစ်များစွာကြာ ကွဲနေသည့်မိသားစုတို့ ပြန်ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်။

ခိုဒရမ် ဂမ်ဟီရာ ဆင်းန် ဆိုသူ အိန္ဒိယအမျိုးသားမှာ ၎င်း အသက် ၂၆ နှစ်အရွယ် လွန်ခဲ့သည့် ၁၉၇၈ ခုနှစ်က မဏိပူရ် ပြည်နယ်၊ အင်ဖာ မြို့ ရှိ ၎င်း၏ နေအိမ်ကနေ ထွက်ခွာသွားခဲ့ပြီး ယင်းနောက် အိမ်သို့ ပြန်မလာတော့ဟု သိရသည်။

ယင်းနောက်ပိုင်း ခိုဒရမ်၏ မိသားစုအနေဖြင့် ဆယ်စုနှစ် လေးစုကြာသည်အထိ  ၎င်း၏ သတင်းအစအန တစ်ခုမှ မကြားခဲ့ရတော့ပဲ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

ယင်းနောက် မွမ်ဘိုင်းမြို့ လမ်းတစ်ခုပေါ်တွင် မုတ်ဆိတ်နှင့်အမျိုးသားတစ်ဦး ဘောလိ၀ုဒ် သီချင်းတစ်ပုဒ် ဆိုနေသည့် ဗီဒီယိုတစ်ခု YouTube ပေါ် ပြန့်နှံ့လာခဲ့ပြီး ယင်း ဗီဒီယိုထဲတွင် ခိုဒရမ်က သူ့ကိုယ်သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မိတ်ဆက်ခဲ့တာကို ကြည့်ရှုသူတစ်ဦးက သတိပြုမိပြီး ၎င်း၏ မိသားစုထံ အသိပေးခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ခိုဒရမ်၏ မိသားစုကလည်း ၎င်းကို ပြန်လည်မှတ်မိသွားပြီးနောက် Imphal မြို့ ရဲတပ်ဖွဲ့ထံ အကြောင်းကြား ဆက်သွယ်ခဲ့ကြသည်။ ယင်းနောက် ရဲတပ်ဖွဲ့က ဘန်ဒရာမြို့ ဆင်ခြေဖုံး အရပ်တစ်ခုတွင် နေထိုင်နေသည့် ခိုဒရမ်ကို တွေ့ရှိခဲ့ကြသည်။ ယင်းနောက် ယခုအခါ ခိုဒရမ်မှာ ၎င်းမိသားစုရှိရာအရပ်သို့ ပြန်လာနိုင်ခဲ့ပြီဖြစ်သည်။

ယခုအချိန်တွင် အသက် ၆၆ နှစ်ရှိပြီဖြစ်သော ခိုဒရမ်သည် လွန်ခဲ့သည့် ၁၉၇၈ ခုနှစ်က လက်ထပ်ပြီးခါစသာ ရှိသေးပြီး ယင်းအချိန်က အိမ်မှာနေရသည်ကို မပျော်တော့သည့်အတွက် အိမ်ကနေထွက်ခွာလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းနောက် ၎င်းသည် မွမ်ဘိုင်းတွင် နေထိုင်ခဲ့ပြီး ပိုက်ဆံရရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်ဝင်ခဲ့ပြီး ယင်းနောက် အလုပ်မှာ မတော်တဆမှု အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးနောက် အရက်သမားဘဝကို ကူးပြောင်းရောက်ရှိခဲ့ကာ တစ်ခါတစ်ရံ လမ်းပေါ်တွင် တောင်းရမ်းစားသောက်ရင်းနှင့် ဘဝကို ဖြတ်သန်းနေခဲ့သည်ဟု ဆိုသည်။

ယခုအခါတွင်တော့ ခိုဒရမ်မှာ လွန်ခဲ့သည့် ဆယ်စုနှစ် လေးစုကတည်းက ကွဲကွာနေခဲ့သည့် မိသားစုနှင့် ပြန်လည်ဆုံဆည်းနိုင်ခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required