မိုးလေဝသနှင့်ဇလဗေဒ(အထက်မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးနဲ့တွေ့ဆုံမေးမြန်းခြင်း

မိုးလေဝသနှင့်ဇလဗေဒ(အထက်မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးနဲ့တွေ့ဆုံမေးမြန်းခြင်း

ဧပြီလ တတိယပတ်နဲ့မေလတို့မှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ အခြေအနေတွေကို မိုးလေဝသနှင့် ဇလဗေဒ(အထက်မြန်မာပြည်ဌာနခွဲ)မှညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးနဲ့တွေ့ဆုံမေးမြန်းပြီး မဇ္ဈိမက တင်ဆက်ပေးလိုက်ပါတယ်။

၂၀၁၈ခုနှစ် ဧပြီလ၊မေလ မိုးလေဝသခန့်မှှန်းချက်တွေကို ကမ္ဘာ့ရာသီဥတုခန့်မှန်းရေး သချင်္ာပုံစံအများစုမှာ တွေ့ရှိရတဲ့အနေအထားအရဆိုရင်တော့ ဧပြီလမှာဆိုလို့ရှိရင်လည်း ပုံမှန်ထက်ပိုမို မိုးရွာနိုင်တဲ့ အနေအထားတွေ တွေ့ရှိခဲ့ရတယ်။

တကယ်လည်းမိုးရွာတယ်။တအားကြီးအပူချိန်အစွန်းမရောက်သလို တအားကြီးလည်း မစိုစွတ်တဲ့ ပုံမှန်မိုးလည်း ရွာတဲ့ အပူချိန်လည်ပူတဲ့အနေထားမျိုးရှိခဲ့တဲ့ ဧပြီလ မျိုး ကျွန်တော်တို့ ဧပြီလ ၁၀ရက်ပတ် နှစ်ခုတော့ ဖြတ်သန်းခဲ့ရတဲ့ အနေအထားမျိုးရှိတယ်။

လာမယ်ဧပြီလ တတိယ ၁၀ ရက်ပတ်မှာလည်း ပူလည်းပူမယ်။ထစ်ချုန်းမိုးလည်းရွာမယ့် အနေအထားမျိုးလေး သုံးသပ်လို့ရတယ်။

အထူးသဖြင့် ဧပြီလ ၂၅ ရက်ကနေပြီးတော့ ဧပြီလကုန်အထိ ကာလတွေမှာ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ဒေသအများစုမှာပေါ့။လေထုမတည်ငြိမ်မှုအညွှန်းကိန်းတွေကို ရှု့ထောင့်က လေ့လာကြည့်တဲ့အခါ လေထု မတည်ငြိမ်မှုအခြေအနေ အလွန်များတယ်။

လေထုမတည်ငြိမ်မှုများတယ်ဆိုတာက မိုးတိမ်တောင်ကြီးတွေ အလွယ်တကူဖြစ်ဖို့ အခြေအနေဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မိုးလေဝသ ပညာအရ လေထုမတည်ငြိမ်မှုအညွှန်းကိန်း အနည်းအများကို လေ့လာစောင့်ကြည့် ပြီးတော့မှ မိုးတိမ်တောင်တွေ ဘယ်ဒေသတွေမှာ ပိုဖြစ်နိုင်တယ်ဆိုပြီးတော့ ကျွန်တော်တွေတစ်တွေက စောင့်ကြည့်ပြီးတော့မှ ထုတ်ပြန်ရတာဖြစ်ပါတယ်။

ဧပြီလ ၂၅ ရက်ကနေ ဧပြီလ လကုန်လောက်အထိကတော့ ဒါလေထုမတည်ငြိမ်မှုအများဆုံး ဖြစ်ပေါ်နိုင်တဲ့ ကာလဖြစ်တဲ့ ဒေသအလိုက် မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်နိုင်မှုကို ကျွန်တော်တို့အလေးထားရမယ့် အနေအထားဖြစ်ပါတယ်။

အထူးသဖြင့် ဒီလိုအချိန်မှာဖြစ်တဲ့ အားကောင်းတဲ့ မိုးတိမ်တောင်တွေကဖြစ်တဲ့ မွန်းလွဲ ညနေပိုင်းအချိ်န်တွေ ညဦးပိုင်းအချိန်တွေမှာ ပိုပြီးတော့ အဖြစ်များတာရှိပါတယ်။

အဲဒီတော့ နောင်တစ်ဖက်ကလည်းပဲ ဒီအပူချိန်မြင့်တက်တဲ့ကာလ မိုးလေဝသဆိုင်ရာ ဘေးအန္တရာယ်တွေ နောက်မိုးတိမ်တောင်နဲ့ဆက်စပ်တဲ့ မိုးလေဝသ ဘေးအန္တရာယ်တွေ သဘာဝဘေးတွေ ဖြစ်တယ်ပေါ့နော်။

နောက်ထူးခြားတဲ့ရာသီ ဒီလိုအချိန်ဟာဆိုရင် ဒီဧပြီလ မေလဟာ မြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းကြီးတွေဖြစ်ပေါ်တတ်တဲ့အချိန်ကာလလည်း ဖြစ်တယ်။

နောက်ပထမဆုံးဖြစ်ပေါ်တဲ့ မုန်တိုင်းကြီးတွေကြည့်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ပြန်ပြီး ကြည့်မယ် ဆိုလို့ရှိရင်လည်း နှစ်တစ်နှစ်ရဲ့ ပထမဆုံးဖြစ်ပေါ်တဲ့ မုန်တိုင်းကြီးတွေဟာ တော်တော်များများက အားကောင်းတတ်တယ်။ အားကောင်းတတ်တယ်ဆိုတာ ပထမဆုံးဖြစ်ပေါ်တဲ့အတွက်ကြောင့်မို့လို့ ရေခိုးရေငွေ့စွမ်းအင်တွေ အဆအများကြီးစုဆောင်ထားတဲ့အတွက်ကြောင့်မို့လို့ အင်အားကောင်းတဲ့ မုန်တိုင်းကြီးတွေ ပထမဆုံးဖြစ်တဲ့ မုန်တိုင်းကြီးတွေဖြစ်တယ်။

ဒီမုန်တိုင်းဖြစ်တဲ့အချိန်က လေထုရဲ့ အထက်နဲ့အောက်ပိုင်း ဆက်စပ်မှုတွေ လေထုရဲ့အထက်အောက် ပတ်ဝန်းကျင်နဲ့ ရေပြင်ပေါ်မှာရှိတဲ့ ရေပြင်ဆိုင်ရာအချက်အလက်တွေ ရေခိုး ရေငွေ့ဆိုင်ရာအချက်အလက်တွေ ရေအပူချိန်ကစလို့ပေါ့နော်။ဒီလို သမုဒ္ဒရာ ပင်လယ်နဲ့ လေထုက ဆက်စပ်တဲ့အခြေအနေတွေကတော့ မုန်တိုင်းနဲ့ သူ့ရဲ့အဆောက်အဦးနဲ့မုန်တိုင်းရဲ့ စရိုက်လက္ခဏာတွေကို အပြောင်းအလဲများစွာဖြစ်ပေါ်စေတယ်။

ဒီမုန်တိုင်းခန့်မှန်းတဲ့ ခန့်မှန်းရေးအတွေ့အကြံုတွေအရဆိုလို့ရှိရင် ဒီလိုပထမဆုံးစဖြစ်တဲ့ မုန်တိုင်းတွေဟာလည်း ခန့်မှန်းရတာ တစ်ခါတလေကြလို့ရှိရင် အင်းအားအပြောင်းအလဲ ရုတ်တရက် မြန်ဆန်တာမျိုးတွေ အဲဒါမျိုးတွေ တွေ့ရတာမျိုးတွေလည်း ကျွန်တော်တို့မှာရှိတယ်။

အရင်တုန်းကဆိုလို့ရှိရင် ကျွန်တော်တို့က မုန်တိုင်းခန့်မှန်းတဲ့ အခါမှာဆိုလို့ရှိရင် မြန်မာကမ်းရိုးတန်းနားကို မုန်တိုင်းတွေ ချည်းကပ်လာတာဆိုလို့ရှိရင် ရေဒါတို့ဘာတို့ဆိုတာမရှိဘူး။ဂြိုလ်တုပုံလောက်ပဲ အဓိက အားကိုးခဲ့ရတယ်။

နယ်စခန်းတွေကနေပြီးတော့မှ လေထုဖိအားနဲ့လေတိုက်တဲ့ လေတိုက်ရာအရပ်ကို ကြည့်ပြီးတော့မှ ခန့်မှန်းခဲ့ရတယ်။အားပြုပြီးတော့မှ ခန့်မှန်းခဲ့ရတယ်။ အခုနောက်ပိုင်းတော့ ကျွန်တော်တို့ ကမ်းရိုးတန်း ဒေသတွေမှာလည်း ကျွန်တော်တို့ မုန်တိုင်းလေ့လာထောက်လှမ်းနိုင်တဲ့ ရေဒါရှိသလို ကျွန်တော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှာဆိုလို့ရှိရင်လည်း မိုးလေဝသနဲ့ မုန်တိုင်းထောက်လှမ်းရေး ရေဒါတပ်ဆင်ထားတော့ မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းတွေဝင်လာတဲ့ အခါသော်လည်းကောင်း အရှေ့ဘက်က ဒီမုန်တိုင်း အကြွင်းအကျန်တွေဖြတ်သန်းလာသော်လည်းကောင်း ဒီမြန်မာနိုင်ငံအလယ်ပိုင်းမှာ ထူးခြားလာနိုင်တဲ့ မိုးလေဝသအခြေအနေ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုလည်း ကျွန်တော်တို့စောင့်ကြည့်နိုင်တဲ့အခြေအနေတွေရှိပါတယ်။

အဲဒီတော့မေလအတွက် မိုးရွာသွန်းနိုင်မှုအခြေအနေတွေကို ကြည့်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် ၂၀၁၈ခုနှစ်၊မေလ တစ်လလုံးအနေနဲ့ဒီတစ်ပြည်လုံးအတိုင်းအတာနဲ့ မေလရဲ့ပုံမှန်ရွာသွန်းနိုင်တဲ့ အနေအထားထက် ပိုဖို့ ကျွန်တော်တို့တွေ့ရှိရပါတယ်။

မေလမှာ မိုးပုံမှန်ရွာသွန်းမှုထက် ပိုနိုင်တယ်လို့ ပိုဖို့အခြေအနေတွေ ကျွန်တော်တို့တွေ့ရှိရပါတယ်။

မေလမှာ မိုးပုံမှန်ရွာသွန်းမြဲထက် ပိုနိုင်တယ်ဆိုတဲ့အချက်ကို ရှာကြည့်လိုက်တော့ မေလမှာမိုးပုံမှန်ရွာနိုင်တဲ့ အဓိကအချက်က ဘာလဲဆိုလို့ရှိရင် မုတ်သုန်လေ ပုံမှန်ဝင်လာတာပေါ့။မုတ်သုန်လေပုံမှန်ဝင်လာတာလား။

နောက်တစ်ခုက မုတ်လေပုံမှန်ဆိုတဲ့အခါမှာလည်း မုတ်သုန်လေရဲ့ စရိုက်လက္ခာတစ်ခုကလည်း မုတ်သုန်လေဆိုတာ ရာသီမှန်လေဖြစ်တယ်။သို့သော် ရာသီလေမှန်နဲ့အတူတူ တစ်ခါတလေကျရင် မုန်းတိုင်မှာစဖြစ်ပြီးတော့မှ မုန်တိုင်းနဲ့အတူတူ မုတ်သုန်လေလည်းဝင်ရောက်လာတာမျိုးတွေရှိတယ်။

ပြီးခဲ့တဲ့ နှစ်တွေနှစ်တွေမှာဆိုလို့ရှိရင် ၂၀၁၇ခုနှစ်မှာဆိုလို့ရှိရင်လည်း မုန်တိုင်းနဲ့အတူတူ မုတ်သုန်လေ ဝင်ရောက်လာတာရှိတယ်။

မြန်မာနိုင်ငံတောင်ပိုင်းကို မေ ၁၅ ၊၁၆ ၊၁၇၊၁၈ မေလအလယ်လောက်ဆိုလို့ရှိရင် မုတ်သုန်လေ ဝင်ဖို့အခြေအနေတွေအများကြီးရှိတယ်အများကြီးဖန်တီးလာတယ်။ဒါနောက်ပိုင်း ၁၉၈၁ ၊၂၀၁၀ နှစ် ၃၀ မုတ်သုန်ဝင်ရောက်ရက်တွေကြည့်တဲ့အခါ မေလ ၁၈ ရက်ပတ်ဝန်းကျင်လောက်က မြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုန်လေ ဝင်ရောက်လာတယ်။ထူးခြားတာကတော့ နောက်ပိုင်းမုတ်သုန်လေ ဝင်ရောက်တဲ့လအခြေအနေမှာဆိုရင် ဘင်္ဂလားပင်လယ်အော်က လေထုမတည်ငြိမ်မှု အနည်းအများပေါ်မူတည်ပြီးတော့ မုန်တိုင်းလေဖိအားနည်းရပ်ဝန်းတွေ ဘာတွေဖြစ်ပေါ်ပြီးတော့ မုတ်သုန်လေကိုလည်း ပုံမှန်ဝင်ရောက်စေဖို့ မြန်မြန်ဝင်ရောက်စေဖို့ အားပြု အားပေးနိုင်တဲ့အခြေအနေဖြစ်လာတာရှိတယ်။

အဲလိုမုတ်သုန်လေနဲ့အတူ မုန်တိုင်းဝင်ရောက်လာတာဆိုလို့ရှိရင်လည်း မေလ မိုးရေချိန်တွေက ဒါပုံမှန် သို့မဟုတ် ပုံမှန်ထက်ပိုစေတဲ့ အခြေအနေ အဓိကဖြစ်စေတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့တွေ့ရှိရပါတယ်။

မုန်တိုင်းနဲ့ပတ်သက်လို့ကတော့ မုန်တိုင်းအန္တရာယ် လျှော့ပါးသက်သာစေဖို့အတွက် ဒါမုန်တိုင်းရာသီ အချိန်ကာလ ရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ မုန်တိုင်းရှိသည်ဖြစ်စေ။မရှိသည်ဖြစ်စေ။မုန်တိုင်းဝင်သည်ဖြစ်စေ။မဝင်သည်ဖြစ်စေ။မုန်တိုင်းရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့ မုန်းတိုင်းဘေအန္တရာယ်လျှော့ပါးရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကြိုတင်ပြင်ဆင်နိုင်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ကောင်းမယ်ထင်တယ်လို့ အကြံပြုချင်ပါတယ်။

ကျွန်တော်တို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့လည်း ဘင်္ဂလားပင်လယ်အော်နဲ့ မြန်မာနိုင်ငံ အနီးတစ်ဝိုက် မိုးလေဝသအခြေအနေတွေကို ဖြစ်ပေါ်နေမှုတွေကို နေ့ ညမပျက်စောင့်ကြည့်နေတာရှိတယ်။ နောက်ပြီးတော့ သချင်္ာပုံစံသုံး ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသ ခန့်မှန်းရေး နောက် ၅ ရက်မှ ရ ရက်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေ မိုးလေဝသ မိုးရေချိန် အပူချိန် ထူးခြားနိုင်မှုအခြေအနေတွေကို အမြဲမပြတ် စောင့်ကြည့်နေတဲ့အနေအထားမျိုးရှိပါတယ်။ဂြိုလ်တုတိမ်ပုံတွေ မိုးလေဝသထောက်လှမ်းရေး ရေဒါတွေကနေ စောင့်ကြည့်နေပြီးတော့ ထူးခြားတဲ့အခြေအနေမျိုးဆိုရင်တော့ ထူးခြားမိုးလေဝသအခြေအနေတွေ အပူချိန် အခြေအနေတွေ မိုးရွာသွန်းနိုင်မှုအခြေအနေတွေ ၊မုန်တိုင်းဖြစ်ပေါ်လာတဲ့ အခြေအနေတွေ တွေ့ရှိမယ်ဆို လို့ရှိရင်လည်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်တဲ့အခြေအနေတွေကို သတင်းပေးထုတ်ပြန်သွားပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly