အာဆင်နယ်နည်းပြသစ်ဖြစ်လာနိုင်သည့်စာရင်းတွင် ဗီအဲရာလည်းပါဝင်

အာဆင်နယ်နည်းပြသစ်ဖြစ်လာနိုင်သည့်စာရင်းတွင် ဗီအဲရာလည်းပါဝင်

 

ဧပြီ ၁၉၊ လန်ဒန်။                     ။ အာဆင်နယ်နည်းပြသစ်ဖြစ်လာနိုင်သည့်စာရင်းတွင် အသင်း၏ဂန္ထဝင်ကွင်းလယ်ကစားသမားဟောင်း ပက်ထရစ် ဗီအဲရာလည်း ပါဝင်နေသည်။

လန်ဒန်အခြေစိုက်ကလပ်သည် ယခုနှစ်တွင် ခက်ခဲသည့်ရာသီတစ်ခုကို ကျော်ဖြတ်နေရသည့် နည်းပြ အာစင်ဝင်းဂါးနေရာ အစားထိုးနိုင်မည့်သူကို ရှာဖွေနေခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ထိပ်သီး လေးသင်းအပြင်ဘက်သို့ရောက်နေပြီး ယူရို်ပါလိဂ်ဆီမီးတွင်လည်း အက်သလက်တီကိုနှင့်တွေ့နေသည့် အာဆင်နယ်အသင်းမှာ ယူရိုပါလိဂ်ဖလားရမှသာ ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဖြစ်သည်။

အသင်းပရိသတ်များအကြား မကျေနပ်မှုများတိုးပွားလာနေပြီး ဝင်းဂါးအနေဖြင့် ၂၂ နှစ်ကြာမြင့်ခဲ့သော အသင်းမှထွက်ခွာသွား နိုင်သည်ဟု ညွှန်းဆိုမှုများရှိနေသည်။

အသင်းခေါင်းဆောင်ဟောင်းတစ်ဦးလည်းဖြစ်သည့် အသက် ၄၁ နှစ်အရွယ် ဗီအဲရာသည် နယူးယော့ခ်စီးတီးအသင်းကို နည်းပြအဖြစ်တာဝန်ယူနေပြီး မန်စီးတီးအသင်းကပိုင်ဆိုင်သည့် စီးတီးဘောလုံးအဖွဲ့အစည်းတွင် ကလာရှည်အနာဂါတ် အလားအလာရှိနေသူတစ်ဦးဖြစ်သည်။

ဗီအဲရာကို နည်းပြခန့်ပါ အာဆင်နယ်ပရိသတ်များကို စိတ်အားတက်ကြွစေနိုင်ဖွယ်ရှိသည်။ ၎င်းသည် ဂျူဗင်တပ်၊ အင်တာမီလန် တို့သို့မပြောင်းမီ အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလား သုံးကြိမ်စီရရှိခဲ့ပြီး မန်စီးတီးအသင်းနှင့်လည်း ၂၀၁၁ တွင် အက်ဖ်အေဖလား တစ်ကြိမ်ရရှိခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly