ဟိန္ဒူပြက္ခဒိန်အရ ကံအကောင်းဆုံးရက်မြတ်တွင် အိန္ဒိယမှာ ထောင််သောင်းများစွာ စုံတွဲများ မင်္ဂလာဆောင်

ဟိန္ဒူပြက္ခဒိန်အရ ကံအကောင်းဆုံးရက်မြတ်တွင် အိန္ဒိယမှာ ထောင််သောင်းများစွာ စုံတွဲများ မင်္ဂလာဆောင်

နယူးဒေလီ၊ ဧပြီ ၁၉ ။            ။ အိန္ဒိယနိုင်ငံ တစ်ဝန်းမှာ  ထောင်သောင်းများစွာသော သတို့သမီးတွေဟာ မျက်နှာချေ လိမ်းကျံလျက်၊ လက်မှာ ဆေးဒန်းဆိုးထားလျက်နဲ့ ဧပြီ ၁၈ ရက်မှာ ကျရောက်တဲ့ အက်ရှာယာထရီတီယာပွဲတော်ရက်မြတ်မှာ မင်္ဂလာဆောင်ကြခြင်းကို ပြုလုပ်ကျင်းပကြပါတယ်။

ဟိန္ဒူဒဏ္ဍာရီအရဆိုရင် အက်ရှာယာထရီတီယာရက််မြတ်ဟာ ထိမ်းမြားမင်္ဂလာဆောင်ဖို့ အသင့်မြတ်ဆုံး နေ့ရက်အဖြစ် အယူအမှတ်ရှိကြပြီး စုပေါင်းမင်္ဂလာဆောင်ပွဲကြီးတွေလည်း ကျင်းပလေ့ရှိတာဖြစ်တာကြောင့် ယင်းပွဲတော်ရက်မှာ မင်္ဂလာဆောင်ကြတဲ့ စုံတွဲပေါင်း နှစ်သိန်းလောက် ရှိတယ်လို့ မဒရာပရာဒေ့ရှ်ပြည်နယ် ဘိုပါလ်မြို့က ဟိုတယ်မှာ စုပေါင်းမင်္ဂလာပွဲအခမ်းအနားတစ်ခုကို ကြီးမှူးစီစဉ်နေတဲ့ နီဂမ်က ပြောပါတယ်။

“မဒရာပရာဒေ့ရှ် ပြည်နယ်တစ်ခုတည်းမှာပဲ ဒီနေ့ဒီရက်မြတ်မှာ မင်္ဂလာဆောင်ကြတဲ့ စုံတွဲပေါင်း သုံးသောင်းက သုံးသောင်းခွဲအထိ ရှိမယ် ခန့်မှန်းရတယ်။ ဘိုပါလ်တစ်မြို့တည်းမှာပဲ မင်္ဂလာဆောင် လက်ထပ်ကြတဲ့ စုံတွဲပေါင်းဟာ ၄၀၀၀ အထိ ရှိတယ်။”လို့ နီဂမ်က အီးပီအေသတင််းသို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဟိန္ဒူစုံတွဲ ၄၆ တွဲနဲ့ မွတ်စလင်စုံတွဲ ခြောက်တွဲကို ဒီနေ့မြတ်မှာ စုပေါင်းမင်္ဂလာဆောင်အခမ်းအနား ပြုလုပ်ကျင်းပပေးတာဖြစ်ပါတယ်။”လို့ ၎င်းက ဆိုပါတယ်။

ဧပြီ ၁၈ ရက် နောက်ဆုံးဖြစ်တဲ့  အက်ရှာယာထရီတီယာပွဲတော်ရက်မတိုင်မီ တစ်ရက်ဖြစ်တဲ့ ဧပြီ ၁၇ ရက်မှာတော့ ဆန်ဂတ်ဆိုတဲ့ အမျိုးသမီးတွေ နာမည်ကြီးသီချင်းတွေနဲ့ ကကြတဲ့ ပွဲနဲ့ Mehndi ဆိုတဲ့ ခြေလက်တွေမှာ ဆေးဒန်းဆိုးကြခြင်းများကို ပြုလုပ်ပါတယ်။

အက်ရှာယာထရီတီယာ ရက်မြတ်မှာတော့ ဘရတ်ဆိုတဲ့ ပွဲတော်ကို ကျင်းပပါတယ်။ ဘရတ်ပွဲတော်ဟာ မင်္ဂလာဆောင်အခမ်းအနားကို သတို့သားလောင်းက မြင်းကိုစီးလျက် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ တီးဝိုင်းအဖွဲ့တွေ ခြံရံပြီး သွားရောက်တဲ့ အခမ်းအနားပွဲဖြစ်ပြီး ယင်းနောက်မှာ မင်္ဂလာဆောင်ပွဲကို ကျင်းပတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly