Starbucks က အမေရိကန်မှာ ဆိုင်ပေါင်း ၈,၀၀၀ ကျော် ပိတ်ပြီး ၀န်ထမ်းတွေကို လူမျိုးရေးခွဲမှု တိုက်ဖျက်ရေး အသိပညာတွေ သင်ကြားမည်

Starbucks က အမေရိကန်မှာ ဆိုင်ပေါင်း ၈,၀၀၀ ကျော် ပိတ်ပြီး ၀န်ထမ်းတွေကို လူမျိုးရေးခွဲမှု တိုက်ဖျက်ရေး အသိပညာတွေ သင်ကြားမည်

ဧပြီ ၁၈ ။             ။ ဆိုင်ဝန်ထမ်းတွေကို လူမျိုးရေးခွဲခြားမှု တွန်းလှန်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာတွေ သင်ပေးဖို့ ရှိနေတာကြောင့် လာမယ့် မေလ ၂၉ ရက်မှာ အမေရိကန်နိုင်ငံမှာ ကုမ္ပဏီပိုင်ဆိုင်တွေအားလုံး နဲ့ ရုံးတွေကို ပိတ်ထားမယ်ဆိုပြီး ကော်ဖီကုမ္ပဏီကြီး Starbucks က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ယင်းရဲ့ ကော်ဖီ ဆိုင်တစ်ဆိုင်မှာ လူမည်းအမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရမှုဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် Starbucks ဟာ လူမျိုးရေးခွဲခြားမှု ရှိတယ်ဆိုကာ အပြင်းအထန် ဝေဖန်မှုတွေထွက်ပေါ်ပြီးနောက် ခုလိုမျိုး ဆိုင်တွေကိုပိတ် ၀န်ထမ်းတွေကို အသိပညာတွေ သင်ကြားဖို့ ကုမ္ပဏီဘက်က စီစဉ်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Philadelphia မြို့က ဆိုင်တစ်ဆိုင်မှာဖြစ်ခဲ့တဲ့ ယင်းဖြစ်စဉ်ကတော့ ဗီဒီယိုရိုက်ကူးမှုပါရှိခဲ့ပြီး အွန်လိုင်းပေါ်ပြန့်သွားရာကနေ လူကြည့်များခဲ့ပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

တွစ်တာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ ယူနီဖောင်းဝတ် ရဲတွေက လူမည်းအမျိုးသားနှစ်ဦးကို မေးမြန်းပြီးလက်ထိပ်ခတ်ခေါ်သွားခဲ့တာကို တွေ့ရပြီး ယင်းအချိန်မှာ လူဖြူ တစ်ဦးက ရဲအရာရှိတစ်ဦးကို "သူတို့ ဘာအပြစ်လုပ်ထားလို့လဲ၊ သူတို့မှာ ဘာအပြစ်ရှိလို့လဲ" ဆိုပြီးလိုက်လံမေးမြန်းစောဒကတက်နေတာကို တွေ့ခဲ့ရပါတယ်။

ယခုအခါမှာတော့ ယင်းဖြစ်စဉ်ဖြစ်ပွားထားခဲ့ပြီးနောက် နိုင်ငံမှာ ဆိုင်ပေါင်း ၈,၀၀၀ ကျော်ကို ပိတ်ထားပြီးတော့ ဆိုင်ဝန်ထမ်း ၁၇၅,၀၀၀ နီးပါးလောက်ကို လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်တဲ့ အသိပညာတွေ သင်ပေးသွားမယ်လို့ Starbucks က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required