ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိနားရဖွယ်ရှိသော်လည်း ကမ္ဘာ့ဖလားတွင်ပါဝင်နိုင်ရန် အဂူရိုမျှော်လင့်

ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိနားရဖွယ်ရှိသော်လည်း ကမ္ဘာ့ဖလားတွင်ပါဝင်နိုင်ရန် အဂူရိုမျှော်လင့်

ဧပြီ ၁၈၊ မန်ချက်စတာ။           ။ မန်ချက်စတာစီးတီးတိုက်စစ်မှူး အဂူရိုသည် ဒူးဒဏ်ရာခွဲစိတ်ကုသရသဖြင့် ယခုနှစ်ရာသီကုန်ထိနားရဖွယ်ရှိနေသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ပါဝင်ကစားနိုင်ရန် မျှော်လင့်နေသည်။

အဂူရိုသည် ပြီးခဲ့သည့်တစ်ပတ်က ဘာစီလိုနာမြို့သို့ထွက်ခွာသွားပြီး တနင်္လာနေ့တွင် ဒူးအရိုးနုဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့သည်။

ယင်းတိုက်စစ်မှူးသည် ဒူးဒဏ်ရာကြောင့် လေးပွဲခန့်အနားယူရပြီးနောက် မန်ယူနိုက်တက်ကို ၃-၂ ဂိုးဖြင့်ရှုံးသည့်ပွဲတွင် ပြန်လည် ကစားခဲ့သေးသည်။

အဂူရိုအနေဖြင့် ဒူးကိုအသေးစားခွဲစိတ်မှုခံယူသင့်သည်ဟု မန်စီးတီးဆေးအဖွဲ့ကဆုံးဖြတ်ခဲ့ပြီး ယင်းပြဿနာမှာ အာဂျင်တီးနား အသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အချိန်မီပြေလည်သွားလိမ့်မည်ဟု ၂၉ နှစ်အရွယ် တိုက်စစ်မှူးက မျှော်လင့်နေသည်။

မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်ရာသီမှာ မေ ၁၃ တွင် အဝေးကွင်း၌ ဆောက်သမ်တန်အသင်းနှင့်ကစားပြီး အဆုံးသတ်မည် ဖြစ်ပြီး အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဇွန် ၁၆ တွင် အိုက်စလန်နှင့်ကစားရမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required