သမ္မတဟောင်းဖြစ်သူ ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမှုအတွက် အာမေးနီးယားပြည်သူများ ဆန္ဒပြ

သမ္မတဟောင်းဖြစ်သူ ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမှုအတွက် အာမေးနီးယားပြည်သူများ ဆန္ဒပြ

ယီရီဗန်၊ အာမေးနီးယား၊ ဧပြီ ၁၈ ။             ။ ပြည်သူများကဆန့်ကျင်ရှုံ့ချနေကြသော သမ္မတဟောင်းဖြစ်သူ ဆာ့ဇ်ဆာကီဆီယန်ကို အာမေးနီးယားပါလီမန် က ၀န်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့မှုအပေါ် မကျေနပ်သည့် သောင်းနှင့်ချီသော အာမေးနီးယားပြည်သူများသည် အင်္ဂါနေ့က နိုင်ငံမြို့တော်ရှိလမ်းမများပေါ်၌ ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သူ အတိုက်အခံခေါင်းဆောင် နီကိုလ်ပါရှင်နီယန်က သောင်းနှင့်ချီသောပြည်သူများ သည် ယီရီဗန်မြို့ရှိ ရီပတ်ဘလစ်ရင်ပြင်သို့ ချီတက်စုရုံးခဲ့ကြကာ လွန်ခဲ့သောအပတ်က သမ္မတရာထူးမှဆင်းပေး ခဲ့သော သမ္မတဟောင်းဆာကီဆီယန်၏ အာဏာမက်မောပုံကို ဝေဖန်ရှုံ့ချခဲ့ကြသည်ဟု ပြောခဲ့သည်။

အာမေးနီးယားနိုင်ငံအလံများကို ကိုင်ဆောင်ထားပြီး “ဆာ့ဇ်မရှိတဲ့ အာမေးနီးယား” ဟု ကြွေးကြော်ခဲ့ကြသော ဆန္ဒပြသူများသည် ယီရီဗန်ရင်ပြင်၌ စုရုံးကာ ရုရှားအစိုးရက ရပ်ခံပေးထားသော ၀ါရင့်နိုင်ငံရေးသမားဖြစ်သူ ဆာ့ဇ်အား ရ၇ မဲ ၁၇ မဲဖြင့် ၀န်ကြီးရာထူးကို ထောက်ခံပေးခဲ့ကြသော အမတ်များကို ရှုံ့ချခဲ့ကြသည်။

ဆာ့ဇ်၏ ဒုတိယအကြိမ်မြောက် သမ္မတရာထူးသက်တမ်းမှာ လွန်ခဲ့သောအပတ်က ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ယခု အခါတွင် သူသည် ၀န်ကြီးချုပ်အဖြစ် အာဏာရယူထားဦးမည်ဖြစ်သည်။

အစိုးရအဖွဲ့၏ ပါလီမန်စနစ်အသစ်အရ ဆာ့ဇ်ဆာကီဆီယန်သည် အာမေးနီးယားနိုင်ငံ၏ ထိပ်သီးခေါင်းဆောင် တစ်ဦးဖြစ်လာမည်ဖြစ်သည့်အတွက် အတိုက်အခံများက ၄င်းကိုမဲပေးခဲ့ကြသော အမတ်များကို ဝေဖန်ရှုံ့ချခဲ့ကြ ခြင်းဖြစ်ပြီး ဆာ့ဇ်သည် လူအများ၏ထောက်ခံမှုကို ရရှိထားခြင်းမရှိကြောင်း ပြောဆိုခဲ့ကြသည်။

“ဆာကီဆီယန်ဟာ အာမေးနီးယားပြည်သူတွေရဲ့ အမုန်းတရားကို ရရှိထားသူဖြစ်ပါတယ်” ဟု ပါရှင်နီယန်က ပြောခဲ့သည်။ ပြီးခဲ့သောရက်ပိုင်းက သူသည် အာမေးနီးယား၌ ငြိမ်းချမ်းသော ကတ္တီပါတော်လှန်ရေးတစ်ရပ်ကြီး စတင်ခဲ့ပြီဟု ကြေညာခဲ့ကာ အစိုးရအေဂျင်စီများ လုပ်ငန်းရပ်ဆိုင်းသွားအောင် လုပ်ဆောင်ကြဖို့ ထောက်ခံသူ များအား တောင်းဆိုခဲ့ကြသည်။

“ ကျနော်တို့ဟာ အာမေးနီးယားနိုင်ငံကြီးကို တစ်ဦးတစ်ယောက်တည်းက ကာလအကန့်အသတ်မရှိ အုပ်ချုပ် တဲ့ သက်ဦးဆံပိုင်စနစ်အဖြစ် ပြောင်းလဲသွားမှာကို ခွင့်မပြုသင့်ပါဘူး” ဟု ဆန္ဒပြသူများထဲမှ အသက် ၂၃ နှစ် အရွယ်ရှိ ကျောင်းသားတစ်ဦးဖြစ်သူ ကာရမ်မာဇိုယန်က သတင်းထောက်များကို ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required