စင်္ကာပူရောက်မြန်မာများ၏ ကြိုတင်မဲပုံစံ များကော်မရှင် သို့ပေးပို့ပြီးဖြစ်

စင်္ကာပူရောက်မြန်မာများ၏ ကြိုတင်မဲပုံစံ များကော်မရှင် သို့ပေးပို့ပြီးဖြစ်

သြဂုတ် ၂၉ ရက် ။          ။ အစိုးရ၏ ခွင့်ပြုချက်ဖြင့် စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပုံစံ ၈၃၈၂ စောင်အား စင်္ကာပူနိုင်ငံဆိုင်ရာမြန်မာသံရုံး ကပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ပေးပို့ ထားကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သြဂုတ် ၈ ရက်၌ ပေးပို့ခဲ့သည်ဟု စင်္ကာပူနိုင်ငံမြန်မာသံရုံးက အသိပေးကြေညာထားသည်။

အစိုးရခွင့်ပြုချက်ဖြင့် စင်္ကာပူရောက်နေသည့် ကြိုတင်ဆန္ဒမဲပေးလိုသူ မြန်မာနိုင်ငံသားများသည် ကြိုတင်ဆန္ဒမဲ ပုံစံ ၁၅ ကို ဖြည့်စွက်၍ ပတ်စ်ပို့မိတ္တူများနှင့်အတူ မြန်မာသံရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတဆင့် မှတ်ပုံတင်စာဖြင့်ဖြစ်စေ၊ Email မှတဆင့်ဖြစ်စေ ပေးပို့ကြရသည်။

ပုံစံ ၁၅ များပေးပို့ရာတွင် 'မိမိတို့၏ သက်ဆိုင်ရာ မဲဆန္ဒနယ်များ၏ အခြေခံမဲစာရင်းများတွင် အမည်စာရင်း ပါဝင်မှုရှိမရှိ စိစစ်ရမည်' ဟု သံရုံးက ကြေညာထားသည်။

မူလက ၂၀၁၅ ဇူလိုင် ၃၀ ရက် ညနေ ၆ နာရီမတိုင်မီ နောက်ဆုံးထားပေးပို့ရန် အသိပေးကြေညာခဲ့သော်လည်း နောက်ပိုင်း၌ သြဂုတ် ၆ ရက် ညနေ ၆ နာရီအထိ ရက်တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required