စင်္ကာပူ ကြက်ခြေနီအသင်း ကရေဘေးကူရန် စစ်ကိုင်းတိုင်း ကိုလာမည်

စင်္ကာပူ ကြက်ခြေနီအသင်း ကရေဘေးကူရန် စစ်ကိုင်းတိုင်း ကိုလာမည်
စင်္ကာပူကြက်ခြေနီတစ်ဖွဲ့ သြဂုတ် ပထမပတ်က ဓရာဝတီနှင့် ရန်ကုန်တိုင်းအတွင်း ရေဘေးကူညီမှု ဆောင်ရွက်စဉ်။ Photo - Singapore Red Cross Society

သြဂုတ် ၂၉ ရက် ။          ။ စင်္ကာပူ ကြက်ခြေနီအသင်းက စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှ မိသားစု ၁၂၀၀ကျော်အား ကူညီနိုင်ရန် အဖွဲ့နှစ်ဖွဲ့စေလွှတ် မည်ဖြစ်သည်။

ရှေ့ပြေးအသင်းတစ်ဖွဲ့က သြဂုတ် ၂၉ တွင် စင်္ကာပူမှ ထွက်ခွာမည်ဖြစ်သည်။ ဒေသခံလူမှုအဖွဲ့များနှင့်အတူ ပဲ၊ ဆန်၊ စာသုံးဆီ၊ စောင်များကို ဖြန့်ဝေပေးမည်ဖြစ်ပြီး ၄ ရက်ကြာမြင့်မည်ဟု စင်္ကာပူ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါမြို့နယ်သို့ ဒုတိယအသုတ်အဖြစ် ဆရာဝန် ၃ ဦး၊ သူနာပြု ၄ ဦးနှင့် ထောက်ကူဆေးလုပ်သား ၂ ဦး စုစုပေါင်း ၉ ဦးပါဝင်သည့် ဆေးကုသရေးအဖွဲ့က စက်တင်ဘာ ၃ ရက်နေ့မှစ၍ ၆ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ဆောင်ရွက်မည်ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေ အနေနဲ့ ရေဘေးကြောင့်ဖြစ်လာမယ့် ရောဂါတွေကို ကုသပေးသွားမှာ ပါ။ ရေဘေးဒုက္ခကို အကြီးအကျယ်ခံခဲ့ရတဲ့ ကျေးလက်ကလူတွေဟာ အခုဆိုရင် ဒဏ်ရာရတာတွေ၊ အရေပြား ရောဂါကူးစက်မှုတွေ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ ငှက်ဖျားရောဂါတွေ ခံစားနေကြရပါတယ်။" ဟု စင်ကာပူကြက်ခြေနီ အသင်း စီအီးအို အတွင်းရေးမှူးချုပ် ဘင်ဂျမင် ဝီလီယမ် ကပြောသည်။

ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအတွင်း ရေဘေးသင့်ပြည်သူ တစ်သန်းခြောက်သိန်းသုံးသောင်းတစ်ထောင်ကျော် (၁၆,၃၁,၀၀၁) ဦးရှိပြီး၊ အသက်ဆုံးရှုံးသူ ၁၂၂ ဦး ဖြစ်သည်ဟု သြဂုတ် ၂၈ အစိုးရစာရင်း အရသိရသည်။ ရေဘေးကြောင့် နေအိမ်များ ပျက်စီးခြင်း၊ စပါးနှင့် အခြားစိုက်ပျိုးသီးနှံအမြောက်အများလည်း ပျက်စီးဆုံးရှုံးခြင်း၊ မေးမြူရေးတိရစ္ဆာန်များ ဆုံးရှုံးရခြင်း တို့ ဖြစ်ပေါ်နေသည်။

Ref; Singapore Red Cross Society

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required