တရုတ်က ဟွန်ဒူးရပ်စ်မှာ ရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်ပြီး ဗဟိုအမေရိကမှာ ရင်းနှီးမြုှပ်နှံမှု တိုးမြှင့်လာ

တရုတ်က ဟွန်ဒူးရပ်စ်မှာ ရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်ပြီး ဗဟိုအမေရိကမှာ ရင်းနှီးမြုှပ်နှံမှု တိုးမြှင့်လာ
(ဓာတ်ပုံ - AFP)

ဟွန်ဒူးရပ်စ်နိုင်ငံ အရှေ့ပိုင်း တောင်ကုန်းဒေသမှာတော့ ရေအားလျှပ်စစ် စက်ရုံတစ်ရုံ တည်ဆောက်မှု လုပ်ငန်းတွေကို ယခုအခါမှာ တရုတ် အလုပ်သမားတွေနဲ့ အင်ဂျင်နီယာ ဒါဇင်နဲ့ချီ လာရောက်လုပ်ကိုင်နေလျက် ရှိပါတယ်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကတော့ ဗဟိုအမေရိကဒေသမှာ တရုတ်တို့ လုပ်ကိုင်နေတဲ့ အကြီးဆုံးသော ရင်းနှီးမြုှပ်နှံမှု တစ်ခုလည်း ဖြစ်ပါတယ်။

အလားတူ ဒီစီမံကိန်းဖော်ဆောင်မှုကို ကြည့်ခြင်းအားဖြင့် တရုတ်တို့အနေနဲ့ ဒေသတွင်းမှာ သူတို့ရဲ့ ရပ်တည်မှုကို ဖြန့်ကျက်လာနေတာကို တွေ့ရပြီး အစဉ်အလာအားဖြင့် ယခင်က ထိုင်ဝမ်နဲ့သာ ပိုမိုနီးနီးကပ်ကပ် ဆက်ဆံထားခဲ့တဲ့ ဟွန်ဒူးရပ်စ် လိုနိုင်ငံမျိုးမှာ တစ်ဖြည်းဖြည်းချင်း အစားထိုး နေရာယူလာတာကိုပါ တွေ့ရမှာဖြစ်ပါတယ်။

မြို့တော် Tegucigalpa ရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၈၀ အကွာ Patuca မြစ်အထက်ပိုင်းမှာ ဖော်ဆောင်နေ တဲ့ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကိုတော့ တရုတ်ကုမ္ပဏီ Sinohydro က ၀န်ထမ်းတွေနဲ့အတူ ဟွန်ဒူးရပ်စ် နိုင်ငံသား ၉၀၀ လောက် အတူတွဲလုပ်နေကြတာဖြစ်ပါတယ်။

စုစုပေါင်း ကုန်ကျမှုတန်ဖိုး ဒေါ်လာ သန်း ၃၅၀ ရှိမယ့်  ယင်း ရေအားလျှပ်စစ် စက်ရုံကတော့ ယခုအချိန်မှာ တာဘိုင်နှစ်ခုကို ပြီးစီးသလောက် ဖြစ်နေပြီလို့ သိရပါတယ်။  နှစ်နိုင်ငံအကြား သံတမန် အဆက်အဆံ ရှိမနေပေမယ့်လည်း ဟွန်ဒူးရပ်စ်မှာတော့ ဒါဟာ တရုတ်တို့ရဲ့ ပထမဆုံးသော အခြေခံအဆောက်အအုံ ရင်းနှီးမြုှပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly