ရန်ကုန်တိုင်းအတွင်း သင်္ကြန်အတက်နေ့တွင် ခါးပိုက်နှိုက်ကျူးလွန်ခဲ့သူများ ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းအတွင်း သင်္ကြန်အတက်နေ့တွင် ခါးပိုက်နှိုက်ကျူးလွန်ခဲ့သူများ ဖမ်းဆီးအရေးယူ

သင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိ ရေကစားမဏ္ဍပ်များ၌ ပျော်ရွှင်စွာရေကစားနေသူများထံမှ ခါးပိုက်နှိုက်ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဧပြီ ၁၆ ရက်နေ့တွင် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်း MY TEL ရေကစား မဏ္ဍပ်ရှေ့တွင် ရေကစားနေသူထံမှ တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာနေ စိုးမြငြိမ်း မှ ငွေ(၅၉၀၀)ကျပ် အားလည်းကောင်း၊ SKY NET ရေကစား မဏ္ဍပ်ရှေ့တွင်ရေကစားနေသူထံမှ မြောက်ဥက္က လာပမြို့နယ်၊ (ဌ)ရပ်ကွက်နေကျော်လင်းထွန်း(ခ)ကံချွန်မှ HUAWEI 730 အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံးနှင့်ငွေ(၆၀၀) ကျပ်အားလည်းကောင်း၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းပေါ်ရှိ မြို့နယ်ရေကစားမဏ္ဍပ်ရှေ့တွင် ရေကစားနေသူထံမှ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃) နေ မြင့်စိုးမှ ငွေ(၁၇၀၀၀)ကျပ်အားလည်းကောင်း၊ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါမဏ္ဍပ်၌ပင် အမှတ်(၆)ရပ်ကွက်နေ ခင်သန်းမှ HUAWEI အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံးနှင့် ငွေ(၃၀၀၀)ကျပ်အားလည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ရေဥက္ကံကျေး ရွာနေသူများဖြစ်သည့် ဖြိုးမောင်မောင်(ခ)ဖြိုးမောင်၊ စိုင်းထက်ကျော်(ခ)ကြယ်လေးနှင့် မင်းမင်းတို့မှ ငွေ (၁၃၅၀၀)ကျပ်အား လည်းကောင်း နှိုက်ယူနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly