သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် ခေါ်နူးစုမ်တောင်ပေါ်သို့ မည်သည့်ယာဉ်မှ တက်ခွင့်မပြုထား

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် ခေါ်နူးစုမ်တောင်ပေါ်သို့ မည်သည့်ယာဉ်မှ တက်ခွင့်မပြုထား
(ဓာတ်ပုံ - တင်ရွှေ)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ်တောင်ခေါ် ဝိတိုရိယတောင်သည် မျက်ခုံးဖြူငှက်ပြာခြောက်နှင့် ရှားပါးသစ်တောငှက်များ ကျက်စားနယ်မြေဖြစ်၍ ၎င်းငှက်များ၏ ကျက်စားနယ်မြေကို ထိန်းသိမ်းခြင်းအားဖြင့် ယင်းတောင်ပေါ်သို့ မည်သည့်ယာဉ်မှ တက်ရောက်ခွင့် မပြုကြောင်း ကန်ပက်လက်မြို့နယ် ခေါ်နူးစုမ် အမျိုးသားဥယာဉ်ထိန်းသိမ်းရေး ကင်းစခန်းမှ သိရသည်။

“ ဝိတိုရိယတောင်ခြေကနေ တောင်ထိတ်အထိ ၃မို၆ဖာလုံ ရှိပါတယ်၊ ကမ္ဘာမှာ ဒီတောင်မှာဘဲ တွေ့ရတဲ့ မျက်ခုံးဖြူ  ငှက်ပြာခြောက်နဲ့ ရှားပါးသစ်တောငှက်တွေ လွတ်လပ်စွာကျက်စားနိင်ဖို့ ယာဉ်တွေအတက်မခံဘဲ တောင်ခြေကနေ တောင်ထိတ်အထိ ဆိုင်ကယ်တွေနဲ့ဘဲ တက်ခွင့် ပေးထားပါတယ်” ဟု ခေါ်နူးစုမ်အမျိုးသားဥယာဉ် ထိန်းသိမ်းရေးကင်းစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝိတိုရိယတောင်ခြေမှ တောင်ထိပ်အထိ ဆိုင်ကယ်မပါလျင် ဒေသခံ ဆိုင်ကယ်ကယ်ရီများ စနစ်တကျ ဖွဲ့စည်းပေးထားကာ တောင်ခြေမှတောင်ထိပ် အသွား တစ်ဦးလျှင် ငါးထောင်ကျပ် အပြန် ငါးထောင်ကျပ် ပေး တက်ရောက်နိင်ကြောင်း၊ဒေသခံအချို့နှင့် နိင်ငံခြားခရီးသွားများက ခြေလျင်သို့မဟုတ်စက်ဘီးစီး တက်ရောက်ကြကြောင်း သိရသည်။

“သင်္ကြန်ရက်မှာ မိသားစုနဲ့အတူ အနားယူ အပန်းဖြေရင်း ဗဟုသုတတွေ လေ့လာဖို့ ချင်းပြည်နယ် ဝိတိုရိယတောင်ကို တက်ခဲ့ကြတာပါ၊ ပေ ၁၀၈၀၀အမြင့်ရှိတဲ့ ဒီတောင်ထိပ်ကိုရောက်တော့ အရမ်း အေးချမ်းပါတယ်၊သဘာဝဝန်းကျင်နဲ့ ရှားပါးငှက်တွေ တောင်ဇလပ်ပန်းတွေရှိတဲ့ နေရာကု်ိ သဘာဝပတ်ဝန်းကျင် ချစ်သူတွေ သဘာဝအလှတရား ခံစားဖို့လာရောက်ကြပါလို့ ပြောချင်ပါတယ်” ဟု ရန်ကုန်မြီု့မှ ဒေါ်စုစုစိုးညွန့်က ပြောသည်။

အများပြည်သူ အားလပ်ရက်နှင့် ယခု သင်္ကြန်ရက်အတွင်း ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ခေါ်နူးစုမ် တောင် ခေါ် ဝိတိုရိယတောင်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက် အပန်းဖြေ လေ့လာသူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

“ကျွန်တော်တိို့ု့ ချင်းပြည်နယ်ရဲ့ ဝိတိုရိယတောင်ကို လေ့လာဖို့ အပန်းဖြေဖို့ လာရောက်ကြပါ။ ချင််းတိုင်းရင်းသားတွေက ကြိုဆိုလျှက်ပါ” ဟု ကန်ပက်လက်မြို့နယ်နေ ဆလိုင်းသန်းရွှေက ဆိုသည်။

ခေါ်နူးစုမ်ခေါ် ဝိတိုရိယတောင်သည် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပင်လယ်ရေမျက်နာပြင်အထက် ပေ၁၀၈၀၀တွင် တည်ရှိပြီး အာဆီယံအမွေအနှစ်ဥယာဉ်တွင် ပါရှိကာ သဘာဝအလှတရားများ၊ ရှားပါးပန်းအမျိုးအစားများ ရှားပါးငှက်များ၊သံယံဇာတများ ပေါများ၍ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ လေ့လာသူများဖြင့် ပွင့်လင်းရာသီတွင် စည်ကားလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required